Chapter 47: The Coexistence Model of These Happy Little Two

3K 631 20
                                    

Unicode

လင်ကျန်းရီတစ်ယောက် အလုပ်လုပ်ရင်း အချိန်ကိုရေတွက်နေသည်။ စုကျစ်ယန်အစာစားလို့ပြီးလောက်ချိန်မှာတော့ ဖုန်းထပ်ခေါ်လိုက်သည်။ ရလဒ်အနေနဲ့ကတော့ ဘယ်သူမှဖုန်းပြန်မဖြေတာပါပဲ။

အကူအညီမဲ့သွားတာကြောင့် လင်ကျန်းရီ mesaage တစ်စောင်သာပို့လိုက်သည်။

"ဟန်နီ... အစားအစာတွေကအရသာရှိလား ကိုယ်ကုမ္ပဏီမှာ ဂရုစိုက်စရာကိစ္စလေးနည်းနည်းရှိနေလို့။ မင်းအိမ်မှာကောင်းကောင်း အနားယူနေနော်။ လျှောက်ပြေးမနေနဲ့... ဖုန်းကိုလည်း အနားမှာထားဖို့သတိရဦး... မင်းဘာပဲလိုလို ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ဆီလှမ်းဆက်သွယ်လိုက်... ချစ်တယ်နော်... မွ..."

နောက်ဆုံးမှာတော့ စုကျစ်ယန် ထိုစာကိုမြင်လိုက်ရလေပြီ။ ဖုန်းတစ်ခါပြီးတစ်ခါခေါ်နေမှတော့ တစ်ဖက်လူက ဘယ်သူဆိုတာ သူခန့်မှန်းလိုက်နိုင်ပါပြီ။

ဒါပေမယ့် သူ့ရဲ့ ကျီစယ်ချင်တဲ့စိတ်ကလေးက လင်ကျန်းရီနဲ့ကစားချင်နေသေးတာကြောင့် သူ့ဖုန်းတွေကို မဖြေဘဲနေလိုက်တာဖြစ်သည်။

—— မချက်တတ်ဘဲနဲ့ ချက်တတ်ဟန်ဆောင်ဖို့ သူ့ကိုဘယ်သူကပြောခဲ့လို့လဲ။ ထားပါတော့။ ဒါကိုထပ်မတွေးတော့ဘူး။ ဒီလူကသူ့ကိုကြွားဝါချင်၊ မျက်နှာချိုသွေးချင်လို့ခေါ်နေခဲ့တာပဲ။ သူသေချာပေါက် သူ့ကိုပျော်ရွှင်အောင် ဖျော်ဖြေပေးမှာမဟုတ်ဘူး။

ဒါပေမယ့်လည်း ဖုန်းခေါ်တာတွေကို မဖြေတာတောင်မှ message ကတော့ စာပြန်ဖို့လိုအပ်နေဆဲပင်။ ဒီတော့ စုကျစ်ယန် ပျင်းရိစွာပင် ဖုန်းကိုယူကာ စာဖတ်ပြီးနောက် စာတစ်လုံး ပြန်ပို့လိုက်သည်။

"အိုး"

စာချုပ်မှာလက်မှတ်ထိုးခြင်းကိစ္စ ပြီးခါနီးပြီဖြစ်သောလင်ကျန်းရီတစ်ယောက် ရုတ်တရက် ဖုန်းမြည်သံကြားလိုက်သည်။ သူ့လက်ထဲကဘော့ပင်ကို အမြန်ပစ်ချကာ ဖုန်းကိုဆွဲယူလိုက်သည်။

အ၀င်စာပုံးကိုဖွင့်လိုက်ပြီးနောက် သူမြင်လိုက်ရသည်က ဘေဘီဟူသောပို့သူအမည်အောက်မှ "အိုး"ဟူသော စာလုံးကိုပင်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now