Chapter 85: Beg wife to give me an assurance pill1! Ling Zhanyi had a beautiful

1.5K 274 7
                                    


အခန်း ၈၅။ အာမခံဆေးပြား တစ်ပြားပေးဖို့ ဇနီးလေးဆီမှာ တောင်းမယ်။ လင်ကျန်းရီမှာ လှပတဲ့အိပ်မက်တစ်ခုရှိခဲ့တယ်။

စုကျစ်ယန်ကသူ့ကို 'ယောက်ျား'လို့ နူးညံ့ညင်သာစွာခေါ်ကာ (ချစ်ကြောင်း)၀န်ခံခဲ့သည်ဟု သူအိပ်မက်မက်ခဲ့သည်။ ထို့ကြောင့် သူဟာသူ့မျက်နှာပေါ်တွင် အရူးတစ်ယောက်လို ပြုံးဖြဲဖြဲအမူအရာဖြင့် အသေကောင်တစ်ကောင်လို အိပ်ရာပေါ်မှာ ဆက်အိပ်နေခဲ့သည်။

လင်ကျန်းရီ သူ့အိပ်မက်မှနိုးလာချိန်မှာတော့ မနက်၁၀နာရီပင် ထိုးလေပြီ။

အိုး.... ချီးပဲလေ....။

ဘိုးဘေးလေးက ပုံမှန်ဆို ကိုးနာရီမှာအိပ်ရာထလေ့ရှိပြီး မနက်စာစားရင်း ကြေးများလိမ့်မည်။ သူကတစ်ညလုံးဗိုက်ထဲမှာ အစာမရှိဘဲနေခဲ့ရတာလေ။

သူ့ဗိုက်ထဲက ကောင်လေးသေးသေးလေးတွေကလည်း ပြုစုဖို့လွယ်ကူတဲ့ သခင်ငယ်လေးတွေမဟုတ်ကြဘူး။

အချိန်နှင့်တစ်ပြေးညီ မပြင်ဆင်ပေးနိုင်ပါက ဘိုးဘေးလေးက ထပ်ပြီးဒေါသထွက်ဦးမည်။

ဟုတ်တာပေါ့။ စိတ်ဆိုးတယ်ဆိုတာကကိစ္စသေးသေးလေးဆိုပေမဲ့ သူကတစ်ကယ်ကြီး ဗိုက်ဆာနေခဲ့မှာလေ။ လင်ကျန်းရီ သူ့ဘာသာ သောကရောက်သွားရသည်။

လင်ကျန်းရီ ကမန်းကတမ်းခုန်ထကာ ကြမ်းပြင်ပေါ်ခြေချပြီး တံခါးဆီပြေးတော့သည်။ ခြေနှစ်လှမ်းမျှသာရှိသေးချိန်မှာ သူရပ်တန့်သွားရသည်။ သူ့လှုပ်ရှားမှုကိုရပ်ကာ မရေမရာဟန်ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။

အိပ်ရာပေါ်မှာတစ်၀က် အိပ်ရာဘေးမှာတစ်၀က် အနေအထားဖြင့်ရှိနေခဲ့သော အပြာရောင်စောင်ပါးလေးက သူ့လှုပ်ရှားမှုကြောင့် ယခုတော့ ကော်ဇောပေါ်ရောက်နေလေပြီ။

အမ်..။ စောင်က ဘယ်ကနေရောက်လာတာလဲ။

လင်ကျန်းရီ အိပ်ရာဆီပြန်ကြည့်လိုက်ရာ အိပ်ရာခေါင်းရင်းမှာ ခေါင်းဦးတစ်လုံးကို တွေ့လိုက်ရသည်မို့ သူ့မျက်လုံးတွေတောက်ပသွားရသည်။

ကျစ်ယန်လာပို့သွားခဲ့တာများလား။

"ကျွန်တော်လည်း ခင်ဗျားကိုချစ်ပါတယ် ယောက်ျားရယ်"

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now