Unicode
လင်ကျန်းရီကသူ့ခေါင်းကို ခပ်မြန်မြန်ပင်ခါယမ်းလာသည်။
"ဟင့်အင်း ကိုယ်မင်းကိုစိုးရိမ်လို့... ဒေါက်တာပြောခဲ့တယ်လေ မင်းရဲ့ထူးခြားတဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း အန္တရာယ်ရှိနိုင်တယ်တဲ့ ဒါကြောင့်ကိုယ်ကအဲတာကိုအလေးပေးပြီးတွေးကြည့်တာပါ ဘာလို့များမင်းက..."
စုကျစ်ယန်က အေးစက်စွာပြုံးလိုက်သည်။
"ကျွန်တော်ခင်များကို အကြောင်းပြချက်မပေးခဲ့ဘူးလား ခင်များကမှမယုံခဲ့တာ"
စုကျစ်ယန်ရဲ့မျက်နှာပေးက ပိုပိုပြီးအေးစက်လာတာကိုကြည့်ပြီး လင်ကျန်းရီစိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။
*Shit! သူ့မေးလိုက်တဲ့မေးခွန်းကြောင့် ကောင်းမွန်နေတဲ့အခြေအနေလေးက ဖျက်ဆီးခံလိုက်ရပြီ*
"စိတ်မဆိုးပါနဲ့ကွာ စိတ်မဆိုးပါနဲ့ အရင်ကမင်းပြောခဲ့တာကို ကိုယ်မှတ်မိပါတယ် ပြီးတော့ကိုယ်ယုံပါတယ်..."
ဘဝတစ်လျှောက်လုံးနေလာခဲ့တဲ့လင်ကျန်းရီနှင့်လက်ရှိကိုယ်က လုံးဝကိုကွာခြားသွားပြီ၊ သူလုပ်ခဲ့သမျှက သူ့လုပ်နိုင်စွမ်းထက်ကျော်လွန်နေတာချည်းပဲ ရှင်းရှင်းပြောရရင် ကိုယ့်ဘဝတစ်လျှောက်လုံး မင်းအမိန့်ပေးတဲ့အတိုင်း မင်းဆန္ဒတွေကိုဖြည့်ဆည်းပေးပြီး မင်းကိုဘာမှမထိခိုက်စေရဘူး.. မင်းအပေါ်အမှားမလုပ်ဘူး ကိုယ်ကတိပေးတယ်...
"မင်းကိုယ်မင်း အရမ်းကာကွယ်ချင်နေတာတွေကိုလွှတ်ချပြီး ကိုယ့်ကိုဒီတစ်ကြိမ်လေးပဲယုံကြည်ပေးပါကွာ ဟုတ်ပြီလား..."
လင်ကျန်းရီမှာ အကူအညီမဲ့စွာဖြင့် ကောင်းကင်ကိုတိုင်တည်ပြီး ကျိန်ပြောမိမတတ်ပင်။
"ခင်များကို ဒီတစ်ကြိမ်မှာ ယုံပေးရမယ်လား"
စုကျစ်ယန်၏နှုတ်ခမ်းထောင့်လေးများက ကော့တက်သွားပြီး အဓိပ္ပါယ်ဖွင့်ရခက်သည့်အပြုံးတစ်ခုပေါ်လာသည်။
"ဒီဘဝမှာခင်များကိုထပ်ယုံရမယ်ဆို ကျွန်တော့်အသက်နဲ့လောင်းကြေးထပ်ရမှာ ခင်များအဲ့အတွက် တာဝန်ခံနိုင်ရဲ့လား"
![](https://img.wattpad.com/cover/218395036-288-k759962.jpg)
ESTÁS LEYENDO
ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)
RomanceFull credit to original creator ᴡᴇʙɴᴏᴠᴇʟ (ᴄɴ) ᴀᴜᴛʜᴏʀ - 北棠墨(ʙᴇɪ ᴛᴀɴɢ ᴍᴏ) ᴇɴɢ ɴᴀᴍᴇ-ɪ ᴅᴏɴ'ᴛ ᴡᴀɴᴛ ʏᴏᴜ ᴛᴏ ʙᴇ ʀᴇsᴘᴏɴsɪʙʟᴇ ᴀssᴏᴄɪᴀᴛᴇᴅ ɴᴀᴍᴇ-老子不要你负责! ˢᵒᵘʳᶜᵉ - ʳʳʳʳʰᵉˣⁱᵃ Unicode Night clubတစ်ခုမှာ အပျော်ရှာပြီးသိပ်မကြာခင်မှာပဲ သူ့ကိုယ်ထဲမှာ မ...