Chapter 73: Brain short circuited, directly called them as Dad and Mom

2.2K 394 13
                                    

[ Unicode ]

အခန်း-၇၃။ ဦးနှောက် ဆားကစ်ပြတ်တောက်သွားပြီးနောက် သူတို့ကို ပါး၊မားလို့ပဲတိုက်ရိုက်ခေါ်ချလိုက်တော့တယ်။
___________________________________________

စုကျစ်ယန်၏မကျေမနပ်ဖြစ်နေသည်မှာပြင်းထန်လွန်းသဖြင့် သူ့မီးဖိုချောင်ထဲတွင်ချက်ပြုတ်နေသောလင်ကျန်းရီပင်အလိုအလျောက်အာရုံခံမိသွားသည်။ နောက်ဆုံးဟင်းပွဲကိုကြော်ချက်ပြီးနောက်  ဟင်းများကိုဒယ်အိုးထဲကပင်မခပ်ထုတ်နိုင်ဘဲ သူ့မှာလက်ထဲကိုင်ထားသည့် ယောက်ချိုဇွန်းကြီးနဲ့ပဲအခြေအနေကိုဆန်းစစ်ရန်အတွက်ထွက်လာလိုက်မိသည်။

သေချာပေါက်ပင်၊ စုကျစ်ယန်မှာ တကယ်ကြီးကိုနိုးနေချေပြီ။  ယခုအချိန်တွင်သူသည်လှပသောအပြုံးနုနုလေးများကိုပန်ဆင်လျက်ပင် လင်ပါး၊လင်မား တို့ဖြင့် စကားဖောင်ဖွဲ့နေချေသည်။​

သူ့မျက်လုံးများသည် တစ်စုံတစ်ခုကို အတွေးနက်နေသကဲ့သို့ တဒင်္ဂ မှင်သက်နေလေသည်။

ဧည့်ခန်းထဲမှာ သူပေါ်လာတဲ့အခါ စုကျစ်ယန်ရဲ့ မျက်လုံးများသည် ရုတ်တရက်တလတ်လတ်တောက်ပသွားပြီး အကြည့်များမှာ သူ့အား အော်ဟစ်ဆူပူနေပုံရချေသည်။

လင်ကျန်းရီသည် ချောက်နက်ထဲသို့ကျသွားသလိုခံစားလိုက်ရသည်။

ဒီအကောင်ပေါက်လေးက သူ့ကို ဒီလိုအကြည့်မျိုးနဲ့ မရှိုးခဲ့တာအတော်လေးကြာခဲ့ပြီလို့လေ!

လင်ကျန်းရီသည် အေပရွန်ကို၀တ်ထားလျက်ပင် ကျစ်ယန်ရဲ့အနားသို့ ၀မ်းသာအားရပြေးလျှောက်သွားလိုက်သည်။  ယောက်ချိုဇွန်းကြီးကတော့ သူ့လက်ထဲတွင်အကျအန ရှိနေတုန်းပင်-

"ကျစ်ယန်၊ မင်းနိုးပြီလား"

"ခင်ဗျားကဒါကိုပြောဝံ့သေးတဲ့ပေါ့လေ၊ဘာလို့များ ကျွန်တော်ကိုချက်ချင်းမနှိုးရတာလဲ!  လူကြီးတွေရှေ့မှာ ခင်ဗျားကြီးက ကျွန်တော်ကို မျက်နှာပျက်အောင် လုပ်လိုက်တာပဲ!” 

စုကျစ်ယန်၏ တလတ်လတ်တောက်ပနေသော မျက်လုံးများတွင် မကျေနပ်မှုများက အစားထိုးသွားချေပြီ။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now