Chapter 30: Attempted abduction

5.5K 1K 15
                                    

Unicode

Chapter 30: ပြန်ပေးဆွဲခံရခြင်းလား?
___________________________________________

ဝါဂွမ်းအပိုင်းအစလေးကိုအဖိခံလိုက်ရသလိုပင်၊ ပျော်ရွှင်စွာနှင့်လောင်ကျွမ်းနေခဲ့တဲ့ သူ့နှလုံးသားထဲကပူနွေးနေတဲ့သွေးတွေဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုမှာဖြုန်းတီးခံလိုက်ရသလိုပင်။

ဒါက အခုချိန်မှာ လင်ကျန်းရီ ခံစားနေရတဲ့ခံစားချက်ပင်။

သူကတစ်ညလုံးခံစားချက်တွေနှင့်ပြည့်နှက်နေခဲ့ပြီး  တစ်ညလုံးတွေးထားခဲ့တဲ့ပြောစရာစကားလုံးတွေဟာလည်း ဒီအကောင်ပေါက်လေးရဲ့ သတိမရှိဘဲ ပြန်မေးလာတဲ့ စကားတစ်ခွန်းတည်းကြောင့် သူ့ခင်မျာ ရင်၀ဆောင့်ကန်ခံရသလိုပင်။ အသက်ရှူကျပ်လာသလိုပင်ခံစားလိုက်ရ၏။

စုကျစ်ယန်က ရိုးသားတဲ့ဖိုးသခွားလေးလိုအကြည့်လေးများဖြင့် လင်ကျန်းရီကိုကြည့်လိုက်သည်။သူကအခုချိန်မှာ စိတ်ခံစားချက်တွေပြည့်နှက်နေတာကြောင့် ထိုသူပြောလိုက်တာကိုအမှန်တကယ်ပင်မကြားလိုက်ခြင်းပေ။

လင်ကျန်းရီတစ်ယောက် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ဒီအချိန်မှာသူအရမ်းစိတ်မလှုပ်ရှားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

အခုချိန်က နောက်ခြေတစ်လှမ်းထပ်လှမ်းဖို့အချိန်ကောင်းပဲ။

ဒါ့ကြောင့် ဥက္ကဌလင်ဟာဆိုရင်ဖြင့် သူ၏အသံကိုအလွန်အင်မတန်ငြင်သာနူးညံ့သွားစေလိုက်ပြီး စုကျစ်ယန်အား ထက်ရှ၍တည့်တိုးဆန်သည့် မေးခွန်းကိုအရင်ဦးစွာမေးမြန်းလိုက်လေသည်။

"မင်းလေးက ဒီကလေးက ကိုယ့်ရဲ့ကလေးဆိုတာ ဝန်ခံပြီးပြီပဲ ကိုယ့်ကိုတာ၀န်ယူခွင့်ပြုပါနော်..အိုခေ?"

အခြားအချိန်တွေ၌ဆိုလျှင် လူတွေကအမြဲလိုလိုသူ့အပါ်၌ ငြင်သာသည့်အသံနှင့်ပြောဆိုဆက်ဆံပြီး သူ့ကိုတာ၀န်ယူပေးဖို့ရာထပ်တလဲလဲပြောပြီး စိတ်ဒုက္ခပေးကြမည်မှာအမှန်ပင်။

ဘယ်အချိန်ကစပြီး လင်ကျန်းရီတစ်ယောက် ဂရုစိုက်တတ်သွားရတာလဲ?
သူက နူးညံ့ငြင်သာစွာဆက်ဆံတတ်သွားရုံသာမက တစ်ဖက်လူထိတ်လန့်ကြောက်ရွံ့သွားမည်ကိုပင် အကြီးအကျယ်စိုးရိမ်နေမိသေးသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now