Chapter 51: Bastard, get your hands off!

3.3K 649 17
                                    

Unicode

"ခင်ဗျား... ခင်ဗျားဘာလို့၀င်လာရတာလဲ"

စုကျစ်ယန် အနည်းငယ်မျှ ခပ်ကြမ်းကြမ်းပြောလိုက်သည်။ သူအနောက်ကိုဆုတ်လိုက်ချင်ပေမယ့်လည်း သူ့ရဲ့အောက်ခံဘောင်းဘီက သူ့ခြေကျင်း၀တ်ကို ရောက်နေခဲ့ပြီဆိုတာကို မေ့လျော့နေခဲ့သည်။

မကြာမီမှာပင် သူရွှေ့နိုင်လိုက်သော်ငြား ဟပ်ထိုးလဲသွားတာကြောင့် ကြောက်လန့်တကြားအော်လိုက်သည်။ ဒါပေမယ့်လည်း လျှင်မြန်စွာပင် လင်ကျန်းရီကိုလှမ်းဆွဲလို့မီလိုက်တာမို့ ဟန်ပျက်မသွားပေ။

—— သူ့နှလုံးခုန်သံတောင်မှ ရုတ်တရက်ကြီး တဒိန်းဒိန်းမြည်ဟည်းလို့။

လင်ကျန်းရီ သူ့အနားမှာရှိနေသမျှကာလပတ်လုံး သူအန္တရာယ်ကင်းလိမ့်မည်ဆိုတာ နားလည်သွားသည်။ သို့သော်လည်း ကြောက်လန့်တာလဲမဟုတ်၊ ရှက်ရွံ့တာလဲမဟုတ်ဘဲ အကြောင်းပြချက်မရှိဘဲ သူစိတ်လှုပ်ရှားနေမိဆဲ။

လင်ကျန်းရီက သူ၏ဟိုယခင်ကလှည့်ဖျားတတ်သောအကျင့်ကိုပြင်ပြီး စုကျစ်ယန်ကိုကြင်နာစွာကြည့်ကာ လေသံတီးတိုးလေးပြောလိုက်သည်။

"မင်းကကိုယ့်ကို ရေနဲ့ပက်လိုက်တာကလေ။ ကိုယ်အထဲ၀င်လာပြီး ဘာလုပ်မယ်လို့ မင်းထင်လဲ"

"ခင်ဗျားနဲ့တန်တယ်... ဘယ်သူက မြင်ခွင့်ပေးလို့လဲ... ကျွန်တော့်ရဲ့...."

အသံဟာ ရုတ်တရက်ကြီးရပ်တန့်လို့သွားသည်။ စုကျစ်ယန်ဟာ လင်ကျန်းရီထံမှ ဖိကပ်နမ်းရှိုက်မှုကို ခံလိုက်ရခြင်းသာ။ အဲဒီ့နောက် သူ့ရဲ့စကားလုံးတွေဟာ ပြန်လည်မျိုချခံလိုက်ရတော့သည်။
 
လင်ကျန်းရီက သူ့ခေါင်းကိုတလှုပ်လှုပ်ဖြင့် (စုကျစ်ယန်၏နှုတ်ခမ်းလွှာတို့ကို) ဂရုတစိုက်ဖြင့် မြည်းစမ်းသည်။ အခုလက်ရှိ သူ့ရဲ့တက်ကြွနေသည့်ပုံစံက စိတ်ထိခိုက်မှုတွေကို အနက်ရှိုင်းဆုံးနေရာအထိ မြှင့်တင်ခံခဲ့ရပုံပေါ်သည်။

သူ့ကိုယ်သူသက်သာရာရစေဖို့ နည်းလမ်းတစ်ခုကိုကြိုးစားရှာဖွေသည့်အနေဖြင့် စုကျစ်ယန်ဆီမှာ အဆောတလျင် ပွတ်သပ်ရင်း အသက်ရှူခြင်းက ပူလောင်လာသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now