Unicode
ကားကဖြည်းဖြည်းချင်းစထွက်သလို စုကျစ်ယန်ကလည်း သူ့ဗိုက်ကလေးကိုသေချာကာကွယ်ထားသည့်။
(လူဆိုးကောင်ကအရင်ဘဝမှာအကြမ်းပတမ်းလုပ်ဖူးတာကိုး..)သူကလျှို့ဝှက်စွာဖြင့် လင်ကျန်းရီကားမောင်းနေတာကို လေ့လာနေ၏။သူအကြိမ်များစွာစကားပြောဖို့ကြိုးစားခဲ့ပေမယ့် ကြိုးစားတဲ့အကြိမ်တိုင်း ကျရှုံးသွားရသည်။
သူက ထိုလူယုတ်မာလင်ကျန်းရီက စကားတစ်ခွန်းတောင်မပြောပဲ ဘာလုပ်ချင်နေတာလဲဆိုတာနှင့်ပတ်သက်ပြီး တွေးမရဘဲရှုပ်ထွေးနေသည်။ စိတ်လှုပ်ရှားပြီးဂနာမငြိမ်ဖြစ်နေတဲ့စုကျစ်ယန်တစ်ယောက် နောက်ဆုံးမှာတော့ သတ္တိမှန်သမျှကို စုစည်းကာပြောလိုက်သည်။
"ဒီမှာ... ဘာလို့ ကျွန်တော့်ကို ရှာရတာလဲ"
“…"
စုကျစ်ယန်မှာ အဖြေစကားပြန်မရခဲ့ချေ။
စုကျစ်ယန်က သူ့အသံကိုကပျော့ပြီးတိုးလွန်းနေတာဟုတွေးခဲ့ပြီး နောက်တစ်ကြိမ်အသံမြှင့်ကာ ပြောလိုက်ပြန်သည်။
"ဒီမှာ.. ကျွန်တော့်ကို ချထားခဲ့လို့ရမလား ကျွန်တော်မူးလာပြီးအန်ချင်လာလို့ နောက်မှ ခင်များကားကိုညစ်ပတ်စေမိရင် မကောင်းဘူးနော်.."
လင်ကျန်းရီကကနောက်မှန်မှတစ်ဆင့် သူ့ကိုဒေါသတကြီးကြည့်ပြီး အံကြိတ်လိုက်သည်။
"ကိုယ့်နာမည် *ဒီမှာ*မဟုတ်ဘူး! "
"...လင်.. မစ္စတာလင်... ခင်များကြားရပြီဆိုရင် ကျွန်တော်တို့အလုပ်အကြောင်းကို ခေါင်းထဲထည့်ထားပါအုံး..ခင်များကျွန်တော့်ကို ကမ္ဘာပေါ်က ဘယ်နေရာကိုများခေါ်သွားချင်သေးတာလဲကျွန်တော်ခေါင်းမူးပြီး.. အော့.."
စုကျစ်ယန်က အော့အန်တဲ့အသံကိုလုပ်ပြီးအရိပ်အယောင်ပြကာ သူ့လက်ဖြင့်ပါးစပ်ကိုပါ ကာထားလိုက်ပြီး လင်ကျန်းရီရဲ့တုန့်ပြန်မှုကို စောင့်ကြည့်နေခဲ့သည်။
သူမှတ်မိတာကတော့ အရင်ဘဝမှာ ဒီခွေးကောင်က ကားရပ်ပြီး သူ့ကို လမ်းတစ်ဖက်ကို ဆွဲချသွားတာပါ။
(ဒီနားမှာပြောစရာရှိပါတယ် အမှန်တော့ ရိုင်းစိုင်းတဲ့အသုံးအနှုန်း 'ခွေးကောင်' ဘာညာဆိုတာမျိုးသုံးတာပါ အမြဲလိုလို ခြူးကဖတ်ကောင်းအောင် 'လူဆိုးကောင်'လို့ပဲ ရေးပေးခဲ့တာပါ ခုတော့သူရေးသလိုပဲရေးပါပြီ)
![](https://img.wattpad.com/cover/218395036-288-k759962.jpg)
ESTÁS LEYENDO
ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)
RomanceFull credit to original creator ᴡᴇʙɴᴏᴠᴇʟ (ᴄɴ) ᴀᴜᴛʜᴏʀ - 北棠墨(ʙᴇɪ ᴛᴀɴɢ ᴍᴏ) ᴇɴɢ ɴᴀᴍᴇ-ɪ ᴅᴏɴ'ᴛ ᴡᴀɴᴛ ʏᴏᴜ ᴛᴏ ʙᴇ ʀᴇsᴘᴏɴsɪʙʟᴇ ᴀssᴏᴄɪᴀᴛᴇᴅ ɴᴀᴍᴇ-老子不要你负责! ˢᵒᵘʳᶜᵉ - ʳʳʳʳʰᵉˣⁱᵃ Unicode Night clubတစ်ခုမှာ အပျော်ရှာပြီးသိပ်မကြာခင်မှာပဲ သူ့ကိုယ်ထဲမှာ မ...