အခန်း ၈၉ : ပျင်းရိမှုကိုဖြေဖျောက်ဖို့ သူငယ်ချင်းတွေလိုတယ်
___________________________လင်ကျန်းရီနှင့်စုကျစ်ယန်ရဲ့ ပျော်ရွှင်ဖွယ်နေ့လေးဟာ စုကျစ်ချီရဲ့ဖုန်းကြောင့်ပျက်စီးမသွားခဲ့ပါဘူး။ဆန့်ကျင်ဘက်အနေနှင့် သူတို့ကြားမှာပြဿနာမဖြစ်ဘဲ ပိုပြီးတောင်ချိုမြိန်လာခဲ့ကြသေး၏။
သန္ဓေသားစစ်ဆေးတာကို တကယ်ကြီးပင်အိမ်မှာပြုလုပ်ခဲ့၏။လင်ကျန်းရီက လိုအပ်သည့်ပစ္စည်းများကို အိမ်တွင့ဝယ်ယူထားပြီး စုကျစ်ယန်ကိုစစ်ဆေးပေးဖိုြအတွက် ဒေါက်တာကို အိမ်ကိုခေါ်ခဲ့သည်။
ယခုအချိန်တွင်မူ လင်ကျန်းရီကသူအမြွှာလေးတွေရတော့မည်ဟုသိပြီးကတည်းက တက်ကြွကာပီတိဖြစ်နေရာမှ စိတ်ကိုလျော့ချထားသဖြင့် စုကျစ်ယန်အနေဖြင့်လည်း စိတ်ပိုင်းဆိုင်ရာဖိစီးမှုမျိုးမခံစားရပါချေ။ထို့ကြောင့် ဒေါက်တာက စုကျစ်ယန်၏ဗိုက်ပေါ်တွင် ကိရိယာတွေကိုဟိုရွှေ့သည်ရွှေ့လာပ်ချိန်တိုင်းတွင် အမျိုးသားနှစ်ယောက်၏မျက်လုံးများမှာ screenပေါ်၌ အံ့အားသင့်စွာ၊ သိချင်စိတ်ပြင်းပြစွာ၊ ပျော်ရွှင်မှုတို့ကလည်းအပြည့်ဖြင့် အာရုံစိုက်ကာလိုက်ကြည့်နေကြ၏။
ကောင်လေးနှစ်ဦးမှာ စုကျစ်ယန်၏ဗိုက်ထဲတွင် ကောက်ကွေးနေကြ၏။တစ်ဦးကခေါင်းကိုအပေါ်ဘက်မှာကွေးနေပြီး နောက်တစ်ဦးမှာ ခြေထောက်ကိုအောက်ဘက်၌ချထား၏။တစ်ခြမ်းလျှင်တစ်ဦးစီဖြင့် ပြီးပြည့်စုံသည့်စက်ဝိုင်းတစ်ခုပမာဖြစ်နေရာ စုကျစ်ယန်၏ဗိုက်သိသိသာသာပြောင်းလဲသွားသည်မှာမထူးဆန်းပေ။
“အားလုံးကပုံမှန်ပါပဲ၊ ဒါပေမယ့် ဒီအခြေအနေအရဆို နောက်လအနည်းငယ်အတွင်းမှာ မင်းအတွက်ပိုပြီး ခက်ခဲလာလိမ့်မယ်၊ ပိုအာရုံစိုက်ပြီးလေ့ကျင့်ခန်းလေးလုပ်ပေး၊ နားနားပြီးလမ်းလျှောက်တာမျိုးက အဆင်ပြေပါတယ်"
လင်ကျန်းရီက စခရင်ပေါ်က ကောင်လေးတွေကိုလက်ညှိုးထိုးရင်းမေးလာသည်။ "ကလေးမွေးရင် ခေါင်းကအောက်ဘက်ကိုစိုက်နေရတာမလား၊ အခုခေါင်းကအောက်မှာရောက်နေတယ်လေ၊ အဲဒါကပုံမှန်ဟုတ်လို့လား"
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)
RomanceFull credit to original creator ᴡᴇʙɴᴏᴠᴇʟ (ᴄɴ) ᴀᴜᴛʜᴏʀ - 北棠墨(ʙᴇɪ ᴛᴀɴɢ ᴍᴏ) ᴇɴɢ ɴᴀᴍᴇ-ɪ ᴅᴏɴ'ᴛ ᴡᴀɴᴛ ʏᴏᴜ ᴛᴏ ʙᴇ ʀᴇsᴘᴏɴsɪʙʟᴇ ᴀssᴏᴄɪᴀᴛᴇᴅ ɴᴀᴍᴇ-老子不要你负责! ˢᵒᵘʳᶜᵉ - ʳʳʳʳʰᵉˣⁱᵃ Unicode Night clubတစ်ခုမှာ အပျော်ရှာပြီးသိပ်မကြာခင်မှာပဲ သူ့ကိုယ်ထဲမှာ မ...