Chapter-3 I'll pee on your hand

12.6K 1.7K 34
                                    

Zawgyi

စုဇစ်​​ယောင်​ လင်​ကျန်းရီကိုစက္ကန့်​အနည်းငယ်​​လောက်​ စိုက်​ကြည့်​​နေပြီး စက္ကူခွက်​ကို ​​ပေးကိုင်​ခိုင်းလိုက်​သည်​။

"​ကောင်းပြီ​လေ ခင်​များကူညီ​ပေး ဒါကိုကိုင်​ထား"

လင်​ကျန်းရီရဲ့နှုတ်​ခမ်း​တွေ မျဉ်း​တစ်​​ကြောင်းလို ​ဖြောင့်​တန်းသွားသည်​။ဖြစ်​နိုင်​ရင်​ ထိုလူသားကိုထားခဲ့ပြီး အ​ဝေးကိုသာ​ပြေးသွားလိုက်​ချင်​သည်​။ဒါ​ပေမယ့်​ သူအနည်းငယ်​စဉ်းစားပြီးတဲ့​နောက်​မှာ​တော့ ခွက်​ကိုကိုင်​ထားလိုက်​ရင်း စုဇစ်​​ယောင်​ကို ကြီးကြပ်​​ပေး​ဖို့ဆုံးဖြတ်​လိုက်​သည်​။သူတစ်​ခုခုကိုဝှက်​ယူလာပြီး မလှည့်​စားနိုင်​ဖို့အတွက်​​​ပေါ့။ဒါ​ကြောင့်​လည်း သူဒီကို​ရောက်​တာမလား။

လင်​ကျန်းရီ သူ့မျက်​လုံး​တွေထဲမှာ အ​ဖြေရှာ​နေတာကို ​ရှောင်​ဖို့အတွက်​စုဇစ်​​ယောင်​ ​ခေါင်းကိုငုံ့ချလိုက်​သည်​။စုဇစ်​​ယောင်​ သူ့ရဲ့အ​ပေါ်အားကစားအင်္ကျီကို အပြင်​ထုတ်​လိုက်​ပြီး အတွင်းခံ​ဘောင်းဘီကိုပါ ချွတ်​လိုက်​သည်​။သူ့မျက်​နှာ​ပေါ်မှာ စိတ်​ရှုပ်​မှု​တွေကိုအထင်းသား မြင်​​နေရသည်​။ထို့​နောက်​မှာ​တော့ အ​တော်​​လေး​ကျေနပ်​သွားတဲ့အပြုံးနှင့်​ လင်​ကျန်းရီကိုလှည့်​ကြည့်​လာသည်​။

"ရီ..ကျွန်ေ​တာ်​အ​ပေါ့သွား​တော့မလို့ ကျွန်​​တော့်​ကို ဆီးထည့်​ဖို့ ကူညီပါ"

လင်​ကျန်းရီ ၀မ်းနည်းပြီးငိုချင်​သွားသည်​။ကိုယ်​ကိုခပ်​​စောင်း​စောင်း မှီလိုက်​ရင်း စုဇစ်​​ယောင်​အဆင်​​ပြေ​စေဖို့အတွက်​ လက်​ကိုဆန့်​ပြီးစက္ကူခွက်​ကို စုဇစ်​​ယောင်​အငယ်​​လေးနားကိုကပ်​​ပေးလိုက်​သည်​။
သူ့မျက်​လုံး​တွေက ကိုယ်​တိုင်​ပင်​သတိမထားမိဘဲ စုဇစ်​​ယောင်​ရဲ့ ခါးနှင့်​ ၀မ်းဗိုက်​​တွေကို​ကျော်​ပြီးကြည့်​မိသွားသည်​။စုဇစ်ေ​ယာင်​အားကစားအင်္ကျီကို လှန်​တင်​လိုက်​တုန်းက သူ့အသားအရည်​​​ကအ​တော်​​လေး​ကောင်းပြီး ဖြူစင်​၀င်းမွတ်​​နေသည်​။အဲဒီ့ညကလို ဆွဲ​ဆောင်​မှုရှိ​နေဆဲပင်​။
သို့​​ပေသိ ထိုညက ၀မ်းပြင်​တစ်​​လျှောက်​ဟာ ညီညာ​ချောမွတ်​ကျစ်​လျစ်​ပြီးအဆီပိုအသားပိုတို့ရှိမ​နေ​ချေ။အခုချိန်​မှာ​တော့ ဗိုက်​ပြင်​က အနည်းငယ်​ ပိုပြီးစူထွက်​​နေသ​ယောင်​။တကယ်​ပဲ အဲဒီထဲမှာ အသက်​ပိစိ​လေးရှိ​နေတာလား။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now