Chapter 21: Abhorrent little thing! Just you wait! 2(Lay Pyay Yhine)

5.1K 669 14
                                    

Unicode

ဒါလေးက မားလေပြေဘာသာပြန်ထားတဲ့ လေပြေဗားရှင်းလေးပါ သိုင်းခုဘာဘီတို့😚

ဘုရားရေ ဒီအတင်းအဖျင်းတွေနဲ့ သူမရဲ့အတွေးစိတ်ကူးလေးတွေ ပြည့်နှက်ကုန်ပါပြီ။

"အားလပ်ရက်လား"

လင်ကျန်းရီသည် မိန်းကလေး၏စိတ်ထဲ ဘာတွေဖြစ်နေတယ်ဆိုတာ မသိပေ။ သူအနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"နှစ်စဉ်ခွင့်ယူသွားတာလား"

"အိုး... မဟုတ်လောက်ဘူး ဆေးခွင့်ယူပုံရတယ် တစ်ယောက်ယောက်က ပုံမှန်လုပ်ငန်းစဉ်တွေကိုကျော်ပြီး သူ့ရဲ့အားလပ်ရက်အတွက် ကူညီခဲ့တာ လုံး၀ကိုရှည်လျားတဲ့အားလပ်ရက်ဆိုပါတော့"

ဆေးခွင့်တဲ့လား။ သူ့မှာဘာတွေဖြစ်ခဲ့တာလဲ။ ဖျားတာလား။ လင်ကျန်းရီသည် ထိတ်လန့်မှုကြောင့်တွေဝေသွားပြီးနောက် ခေါင်းထဲမှအဖြေများကို မောင်းထုတ်လိုက်သည်။

"ဒါ... အချက်အလက်တွေက ကျွန်မသေတော့မသေချာဘူးရယ် မေးချင်တာမေးရအောင် သူ့မန်နေဂျာကိုထွက်လာဖို့ခေါ်ပေးရမလား"

"နေပါစေ ငါမင်းကိုအလုပ်ရှုပ်စေမိပြီ"

လင်ကျန်းရီ လှည့်ပြန်ခဲ့သည်။ ကောင်တာရှေ့မှ ဖန်တံခါးကိုတွန်းပြီး ဓာတ်လှေကားခလုတ်ကိုနှိပ်ကာ ထွက်ခွာခဲ့သည်။ ဧည့်ကြိုကောင်တာရှေ့မှမိန်းကလေးကတော့ သူ့ပုံရိပ်သဏ္ဍာန်ပျောက်ကာ ဗလာဖြစ်သွားသည့် ဟောခန်းမကိုသာ အကူအညီမဲ့စွာ ကြည့်နေရတော့သည်။ သူမနောက်ဆုံးစကားလေးကို သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ဒါက အနှောင့်အယှက်မဖြစ်ပါဘူး မြန်မြန်မပြန်ပါနဲ့ ကျွန်မရှင်နဲ့ စကားနည်းနည်းလောက် ပြောချင်သေးတယ်..."

စုကျစ်ယန်၏အိမ်လိပ်စာကို လင်ကျန်းရီသိသည်။ သည်တော့ ကုမ္ပဏီကလူတွေဆီ စုံစမ်းကာအနှောင့်အယှက်မပေးတော့ပေ။ အချိန်ဖြုန်းနေမဲ့အစား တိတိကျကျ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာသိရဖို့ စုကျစ်ယန်၏အိမ်ကိုသာ မောင်းသွားလိုက်သည်။

တံခါးဘဲလ်မြည်ချိန်မှာ စုကျစ်ယန်က လော့ယန်ယူလာသည့် ဓာတ်ပုံဆိုင်ရာပစ္စည်းကိရိယာများကို ယူပြီးကာစဖြစ်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now