Chapter-6 A coward that sneaked away

13.2K 1.9K 68
                                    

I missed some words and left them😅
Now it's added။

Zawgyi

ခါးတစ်​၀ိုက်​မှာဖက်​ထားတဲ့ လက်​​တွေကို သတိထားပြီး ဂရုတစိုက်​ဖယ်​လိုက်​သည်​။စုဇစ်​​ယောင်​ အ​တော်​​လေး အားယူလှုပ်​ရှားပြီးမှ အိပ်​ယာ​ပေါ်ကထလိုက်​ရသည်​။ရလာဒ်​အ​နေနှင့်​က​တော့ သူအခု အ​တော်​​လေး အားနည်းပြီး နာကျင်​​နေတာပင်​။အခင်း​ပေါ်မှာမတ်​တပ်​ပင်​မရပ်​နိုင်​ပဲ ဒူး​ထောက်​လဲကျသွားရသည်​။
စုဇစ်​​ယောင်​ လက်​နှင့်​အားပြုလိုက်​ရင်း အိပ်​​ပျော်​​နေဆဲဖြစ်​သည့်​ လင်​ကျန်းရီးကို အလန့်တကြား ကြည့်​လိုက်​သည်​။ကံ​ကောင်းလို့ ထိုအကျင့်​မ​ကောင်းသည့်​ လင်​ကျန်းရီဟာ ညကသူ့ကိုနှိပ်​စက်​လိုက်​ရသဖြင့် ပင်​ပန်းပြီး အိပ်​​ပျော်​​နေဆဲပင်​။ထိုအ​ကြောင်းကို ပြန်​စဉ်းစားရုံနှင့်​ပင်​ စုဇစ်​​ယောင်​ ​ကျောချမ်းလာရသည်​။သူက​တော့ ဘယ်​​လောက်​​တောင်​ပင်​ပန်း​နေသည်​လဲမသိ။ဆူညံသံ​တွေထွက်​လာတာ​တောင်​ မနိုး​ချေ။
စုဇစ်​​ယောင်​ အခင်း​ပေါ်က​နေထဖို့ကြိုးစားလိုက်​သည်​။သူ့ခမျာ ​ရေချိုးဖို့ပင်​ မ​တွေးနိုင်​ခဲ့​​ပေ။အ၀တ်​​တွေဝတ်​တဲ့အချိန်​နှင့်​ ညှပ်​ဖိနပ်​​လေးကိုစီးတဲ့အချိန်​မှာပင်​ မလှုပ်​ရဲ​​အောင်​ နာကျင်​ရ၏။

သတိလစ်​​လုနီးနီးဖြစ်ပြီး အိပ်ေ​​ပျာ်ေ​နတဲ့​ကောင်​​လေးကို ဖက်​ထားပြီးအိပ်​​ပျော်​သွားတာ ဘယ်​​လောက်​ကြာသွားလဲမသိ။သူနိုးလာ​တော့ ဘာမှရှိမ​နေ​တော့။

"ဇစ်​​ယောင်​.."

လင်​ကျန်းရီ ပါးစပ်​ကထုတ်​​ခေါ်လိုက်​ရင်း သူ့​ဘေးကလူကိုစမ်း​ကြည့်​​ပေမယ့်​ ဘယ်​သူမှရှိမ​နေ​ပေ။
သူ့မျ​က်​လုံး​တွေကို ဖွင့်​လိုက်​ရင်းထိထိုင်​လိုက်​သည်​။ကုတင်​​ပေါ်ကဆင်းပြီး​နောက်​ ကိုယ်​ဗလာအတိုင်းပင်​ ​ရေချိုးခန်းဆီသွားလိုက်​သည်​။

"ဇစ်​​ယောင်​?.."

တံခါးကိုဖွင့်​ပြီး ကြည့်​လိုက်​​ပေမယ့်​ ​ရေချိုးခန်းထဲမှာလည်း မည်​သူမှရှိမ​နေ​ချေ။သူပတ်​၀န်းကျင်​ကို လှည့်​ပတ်​ကြည့်​လိုက်​ပြန်​သည်​။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Onde histórias criam vida. Descubra agora