Chapter 22: Overbearing exposed, I am the child's father!

5.4K 1K 46
                                    

Unicode

(Edit ပြီး)

လင်ကျန်းရီ စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့၏__
သူဒီလို အမှားသေးသေးလေးကိုမှ လုပ်မိရတယ်လို့!

စုကျစ်ယန်၏ကုမ္ပဏီမှ သူနေမကောင်းဘူးဟုကြားခဲ့ရစဥ်က သူ့လူတွေကို အဓိကဆေးရုံများစွာကို စစ်ဆေးခိုင်းခဲ့သည်။သို့ပေမယ့် လူကိုကား မတွေ့ခဲ့ရချေ။ထို့ကြောင့်သူက စုကျစ်ယန်၏အပြုအမူကိုကြည့်ပြီး "ထွက်ပြေးတိမ်းရှောင်လိုခြင်းရောဂါ"ဟု ကောက်ချက်ချလိုက်သည်။

ကောင်စုတ်လေးက သူ့အလုပ်ကိုတောင်နားပြီး အိမ်ပါပြောင်းပြီးတော့ သူ့ဆီကနေပြေးချင်တယ်ပေါ့..

—— အထက်ပါအကြောင်းအရာတို့က လင်ကျန်းရီ၏အတွေးသက်သက်သာဖြစ်သည်။

သူထိုနည်းအတိုင်းစဥ်းစားလျှင် သူစုကျစ်ယန်ကို နောက်တစ်ကြိမ်တွေ့နိုင်တော့မည်မဟုတ်ချေ။
ကုန်ကုန်ပြောရရင် ကမ္ဘာကြီးပေါ်မှာလူတွေကအများကြီးပါပဲ စုကျစ်ယန်တစ်ယောက်ပဲ သူ့မျက်လုံးထဲရောက်လာတဲ့လူမဟုတ်ပါဘူး သူ့ကိုမေ့ဖို့ အချိန်လေးနည်းနည်း လိုအပ်ရုံပါပဲ..

ကံကောင်းချင်တော့ စုကျစ်ချီရဲ့ကိစ္စတွေကို ဖြေရှင်းပြီးနောက် သူ့တွင်အချိန်ပိုများစွာရလာခဲ့ကာ ရှာဖွေမှုကို ပြင်းပြင်းထန်ထန်လုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ အောင်မြင်ခဲ့သည်။

လေးလ... ကိုယ်ဝန်ဆေးစစ်ချက်စာရွက်ပေါ်မှာရေးထားတာကိုဖတ်ပြီး လင်ကျန်းရီသူ့အပြုံးတွေကို မရပ်တန့်နိုင်တော့ချေ။အမြဲလိုလိုအေးစက်နေတတ်တဲ့မျက်လုံးတွေနှင့် တွန့်ချိုးနေတတ်တဲ့မျက်ခုံးတွေတောင်မှ ပြုံးနေခဲ့သည်။

လေးလ... အဲတာကတကယ်ကိုကောင်းတဲ့ နံပါတ်ပဲ!

ပြန်ပြီးရေတွက်ကြည့်မယ်ဆို အဲတာကသူ့ကလေးပဲမဟုတ်ဘူးလား..

ကောင်းလိုက်တာ အရမ်းကောင်း.. စုကျစ်ယန် မင်းကအရမ်းတော်တာပဲ! မင်းအဲတာကို ငါမသိအောင် အကြာကြီးဖုံးကွယ်ထားရဲတယ်ပေါ့လေ!

အခြားကိုယ်ဝန်သည်တွေက သူ့ကိုတာဝန်ယူစေချင်လို့ တွယ်ကပ်နေချိန်မှာ ဥပမာ စုကျစ်ချီ... သူမလွယ်ထားတဲ့ကိုယ်ဝန်က သူ့ဟာမဟုတ်တာတောင်မှပေါ့.. စုကျစ်ယန်ကတော်လွန်းတယ်.. မသိရင်သူက ပုလိပ်ရောဂါဖြန့်တဲ့နတ်ဘုရားကြီးလိုပဲ ပုန်းရှောင်နေလိုက်တာ တိတ်တိတ်လေးပျောက်သွားပြီး သဲလွန်စသေးသေးလေးတောင် မကျန်ခဲ့ဘူး !

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang