Chapter 45: Almost exposed

3.2K 605 23
                                    

Unicode

လင်ကျန်းရီက သူ၏ဓားစွမ်းရည်ကို အတော်ကြာအောင် လေ့ကျင့်နေခဲ့သည်။ အချိန်တွေကြာသွားတာကို သူသတိထားမိသွားချိန်တွင် သူကပင်မအိပ်ခန်းထဲက စုကျစ်ယန်ကို စစ်ဆေးဖို့ပြန်သွားလိုက်သည်။သူလုံးဝကိုအိပ်မောကျနေတာကိုတွေ့ပြီးမှ သူကတံခါးကိုငြင်သာစွာပိတ်လိုက်ပြီး အိမ်သော့ကိုယူလိုက်သည်။သူကအိမ်ရှေ့တံခါးမကြီးကို မလိုအပ်တဲ့ဆူညံသံတွေမထွက်ရအောင် ဂရုတစိုက်ဖွင့်ခဲ့သည်။

လင်ကျန်းရီက အောက်ထပ်ကိုအမှိုက်ပစ်ဖို့နှင့် ဦးလေးလီလာပို့ထားခဲ့သည့် နေ့လည်စာထမင်းဘူးကို ယူဖို့ဆင်းသွားခဲ့သည်။

သူကအိမ်ယာရဲ့အရှေ့ဂိတ်အထိ ပေါ့ပေါ့ပါးပါးလျှောက်လာခဲ့ပေမယ့် ပတ်ဝန်းကျင်မှာဦးလေးလီကားရဲ့အရိပ်အယောင်ကိုပင်မမြင်ရချေ။လင်ကျန်းရီက အိမ်ပြန်ရောက်သည်နှင့် စုကျစ်ယန်ကိုချော့မြူဖို့ အဆာပြေမုန့်အချို့နှင့် အခြားအရာတွေကိုဝယ်ရန်အတွက် ကုန်စုံဆိုင်ထဲကို သူ့အလိုလိုဝင်သွားလိုက်သည်။

ဆိုင်ပြတင်းပေါက်မှတဆင့် သူကရင်းနှီးနေတဲ့ကားတစ်စီး တစ်ဖြည်းဖြည်းနီးလာတာကိုတွေ့လိုက်ရသည်။လင်ကျန်းရီက စင်တစ်ခုနောက်မှာပုန်းလိုက်ပြီး ခေါင်းအသာဖော်ကာ ချောင်းကြည့်လိုက်သည်။ထိုအရာကို အနည်းကပ်ကြည့်ပြီးသည့်နောက်တွင် အဲဒါက သူ့အဖေရဲ့ကားဆိုတာ သေချာသွားခဲ့သည်။

သူတို့က ဒီလိုနေရာကို ဘာလာလုပ်တာတုန်း...

ပတ်ဝန်းကျင်ကိုဂရုတစိုက်ကြည့်လိုက်ပြီးသည့်အခါ ဦးလေးလီ၏ကားဖြတ်သွားတာကို တွေ့လိုက်ရသည်ာ

လင်ကျန်းရီက သူ့ဖုန်းကိုထုတ်ပြီး ဦးလေးလီဆီခေါ်လိုက်သည်။တစ်ဖက်က ဖုန်းကိုင်သည်နှင့် သူကလေသံလေးဖြင့်မေးလိုက်သည်။

"ဦးလေးလီ ပါးကဦးလေးနောက်ကို လိုက်လာတာလား..."

"မဟုတ်ပါဘူး အာ.. ဦးလေးကတစ်ယောက်တည်းလာတာပါ..."

"နောက်ကြည့်မှန်ကနေ ပြန်ကြည့်ဦး ဦးလေးကားနောက်ကလိုက်နေတဲ့ ပါးရဲ့ကားကိုတွေ့လိမ့်မယ်.."

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now