TOMORROW will not have any update
Zawgyi
လင်ကျန်းရီ အယ်ထရာဆောင်းကရတဲ့အဖြေကို မကျေနပ်သေးဘူး။ဒါကြောင့် သူစုဇစ်ယောင်ကို သွေးစစ်ဖို့အတွက်ဆွဲခေါ်သွားပြန်သည်။အဖြေထွက်လာတဲ့အခါမှာတော့ သူ 'ကိုယ်ဝန်၁၃ပတ်'ဆိုတဲ့ ဆေးစစ်ချက်ကို ကြည့်ပြီး အိမ်မက်မဟုတ်တာသေချာဖို့ လက်ကိုခပ်နာနာဆိတ်ဆွဲလိုက်သည်။နာကျင်မှုကို ခံစားလိုက်ရတာကြောင့် သူသက်ပြင်းကိုသာ ချလိုက်တော့၏။
ပြီးတဲ့နောက် ဒေါက်တာက စုဇစ်ယောင်ကို 'သူဟာ ထူးခြားတဲ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံရှိသူ' ဆိုတဲ့ အသေးစိတ်အချက်အလက်ပါတဲ့ စစ်ဆေးချက်ရလာဒ်တွေကိုပေးလိုက်သည်။စုဇစ်ယောင်ဟာ အလိုရှိရင် သန္ဓေယူနိုင်တဲ့ အခွင့်အရေးရှိသည်။
ဒါပေမယ့် အဆုံးသတ်ကိုစဉ်းစားကြည့်မယ်ဆို သူကယောက်ျားလေးတစ်ယောက်ဖြစ်တဲ့အပြင် လက်မထပ်ဘဲ ကလေးရှိနေခဲ့တာကို ပတ်ဝန်းကျင်ကို ဘယ်လိုလိမ်ညာရမလဲစဉ်းစားရင်း ကြောက်နေမိသည်။
လင်ကျန်းရီ ဒေါက်တာရဲ့စကားကို စဉ်းစားနေသည်။ဆေးစစ်ချက် ရလာဒ်တွေကို ခပ်ဝေးဝေးကိုပို့ပစ်ပြီး သူ့ဘေးက ကုလားထိုင်မှာ အိပ်ပျော်နေတဲ့ စုဇစ်ယောင်ကို ကြည့်လိုက်၏။လင်ကျန်းရီ သူ့ကိုနှိုးပြီး ဒီကနေထွက်သွားချင်ပြီ။ဒါကြောင့် စုဇစ်ယောင်ရဲ့ ခြေထောက်ကို ကန်ပြီးနှိုးလိုက်သည်။
"ဟေ့ ထတော့!.."
လင်ကျန်းရီကြောင့် စုဇစ်ယောင်နိုးလာသည်။သူ့ပါးစပ်နားတ၀ိုက်ကို စမ်းသပ်ပြီး သွားရည်တွေကိုလက်နှင့်ပွတ်သုတ်လိုက်သည်။ခေါင်းထောင်ပြီးလင်ကျန်းရီကို ကြည့်ကာပလုံးပထွေးမေးလိုက်သည်။
ŞİMDİ OKUDUĞUN
ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)
RomantizmFull credit to original creator ᴡᴇʙɴᴏᴠᴇʟ (ᴄɴ) ᴀᴜᴛʜᴏʀ - 北棠墨(ʙᴇɪ ᴛᴀɴɢ ᴍᴏ) ᴇɴɢ ɴᴀᴍᴇ-ɪ ᴅᴏɴ'ᴛ ᴡᴀɴᴛ ʏᴏᴜ ᴛᴏ ʙᴇ ʀᴇsᴘᴏɴsɪʙʟᴇ ᴀssᴏᴄɪᴀᴛᴇᴅ ɴᴀᴍᴇ-老子不要你负责! ˢᵒᵘʳᶜᵉ - ʳʳʳʳʰᵉˣⁱᵃ Unicode Night clubတစ်ခုမှာ အပျော်ရှာပြီးသိပ်မကြာခင်မှာပဲ သူ့ကိုယ်ထဲမှာ မ...