Chapter 72: A nervous historical meeting

2.8K 511 14
                                    

[ Unicode ]

အခန်း-၇၂။ စိတ်လှုပ်ရှားထိတ်လန့်ဖွယ်ရာသမိုင်း၀င်တွေ့ဆုံမှုတစ်ခု
___________________________________________

သေချာတာပေါ့။ စုကျစ်ယန်အိပ်နေခဲ့ပါသည်။ စုကျစ်ယန်က သူ့နံဘေးရှိကြီးမားသောအိပ်ရာကြီး၏အလယ်မှာ လဲလျောင်းနေခဲ့သည်။

လျော့တိလျော့ရဲဖြစ်နေသော၀တ်စုံကို၀တ်ဆင်ထားကာ စောင်ပါးလေးတစ်ထည်ကိုလွှမ်းခြုံထားရင်း အလွန်အမင်းကိုနှစ်ခြိုက်စွာအိပ်ပျော်နေသည်။

လင်မိဘများ၏ စိတ်အနေအထားကိုပြောရမည်ဆိုလျှင်တော့ နှစ်ယောက်စလုံး ကြောက်ရွံ့ကာစိတ်လှုပ်ရှားသလို စိတ်အားလည်းထက်သန်နေကြသည်။ နောက်ဆုံးမှာတော့ သူတို့၏ဒဏ္ဍာရီလာချွေးမလေးကို ဆုံတွေ့ခဲ့ရချေပြီ။

သူတို့အချင်းချင်းကြည့်ပြီးနောက် တစ်ချိန်လုံး စုကျစ်ယန်အိပ်နေသည်ကို ဂရုတစိုက်ကြည့်ရှုရင်းဖြင့် သူတို့၏ခြေလှမ်းများကို အိပ်ရာနံဘေးသို့ နူးညံ့ငြင်သာစွာ ဆက်လှမ်းလိုက်ကြသည်။

သူတို့ သူ့ကိုတစ်ချက်လေးကြည့်ရုံမျှဖြင့် အတော်လေးနှစ်သက်သွားခဲ့ကြလေပြီ။ စုကျစ်ယန်ကတစ်ကယ့်ကိုကြည့်ကောင်းသောရုပ်ရည်ရှိပြီး နူးညံ့သောမျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည်

သူက အလွန်အမင်းအနုပညာကိုမြတ်နိုးသူဖြစ်ပြီး ဒေါသမထွက်နေချိန်ဆိုလျှင် ယဉ်ကျေးသိမ်မွေ့ပါသည်။ သည်အချိန်မှာတော့ သူအိပ်ပျော်နေတာမို့ သူ့မျက်ခုံးတန်းလေးများက သဘာ၀ကျစွာပင် ပြေလျော့နေခဲ့ပြီး ဘေးမှကြည့်နေသူများအား တည်ငြိမ်အေးချမ်းကို ပေးနေသည်။
  
သူက လိမ္မာသောကလေးတစ်ယောက်ပုံပေါ်သည်။

ဒါက လင်ပါ့ပါရောလင်မားမာပါ တူညီသည့် ကောက်ချက်ပဲဖြစ်သည်။ နောက်တစ်ဒင်္ဂလေးမှာတော့ သူတို့၏အကြည့်များက စုကျစ်ယန်၏၀မ်းဗိုက်လေးပေါ်သက်ဆင်းသွားကြသည်။

စောင်ခြုံထားသည်ဆိုပါသော်လည်း သေချာပေါက်ကို ပူဖောင်းနေသော၀မ်းဗိုက်လေးက 'စောင်ခြုံအောက်မှလူဟာ အလွန်ကြီးမားသော၀မ်းဗိုက်တစ်ခုကို သယ်ဆောင်ထားရကြောင်း' ပြသနေသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now