Zawgyi
လွန်ခဲ့တဲ့နှစ်နာရီလောက်ကို ပြန်သွားကြည့်ရအောင်။
လင်ကျန်းရီကြောင့်ပင်ပန်းနေတဲ့ ကောင်လေးက လှေကားထစ်တွေကို ကြိုးစားပမ်းစားတက်နေသည်။၇လွှာဆိုတဲ့ အမှတ်အသားကိုမြင်ပြီးတဲ့နောက်မှာစုဇစ်ယောင် ဆက်မတက်တော့ချေ။နောက်ဆုံးမှာတော့ သူရောက်ပြီ!။
သေစမ်း!ဘယ်သူကအဲလောက်ကံဆိုးမှာတဲ့လဲ။တစ်ညတာကို ဖြတ်သန်းပြီးတဲ့နောက်မှာ ကြောက်လန့်စိတ်တွေဒေါသတွေနှင့်အတူ သူဟိုတယ်လ်ထဲက ထွက်ပြေးလာခဲ့သည်။ကံဆိုးချင်လွန်းတော့ ဓာတ်လှေကားက ပျက်နေပြန်၏။
သူ့ရဲ့ပြီးခဲ့တဲ့ဘ၀မှာ လင်ကျန်းရီနှင့်အတူ တစ်ညတာကုန်ဆုံးပြီးတဲ့နောက် နောက်နေ့နေ့လည်၂နာရီလောက်ထိ အိပ်နေခဲ့တာဖြစ်သည်။ထိုအချိန်က ဓာတ်လှေကားက ပျက်မနေခဲ့ပေ။ကြည့်ရတာ ခဏတာ ပျက်သွားခြင်း ဖြစ်ရမည်။ဒါပေမယ့် ပြင်ပြီးသွားတဲ့အထိ မနက်၇နာရီထဲက စောင့်နေရသည်ထက်စာလျှင် လှေကားတွေသုံးပြီး ခပ်ဖြည်းဖြည်း သွားရတာက ပိုကောင်း၏။
ကံကောင်း၍ သူနေတာက ခုနှစ်လွှာမှာဖြစ်သည်။ဆယ့်ခုနှစ်လွှာမဟုတ်ချေ။သို့မဟုတ်ပါက သူသေသွားနိုင်၏။
နားကျင်မှုတွေနဲ့ အားနည်းနေတဲ့ခြေထောက်တွေကိုသုံးပြီး တံခါးပေါက်နားကိုသွားလိုက်သည်။စုဇစ်ယောင် သူ့ရဲ့လက်တွေဟာတုန်ယင်နေပြီး သော့ပေါက်ထဲကိုသော့တံထိုးဖို့ခက်ခဲနေတာကို တွေ့လိုက်ရသည်။သော့တံဝင်သွားဖို့ အချိန်အကြာကြီး ယူလိုက်ရသည်။အခန်းထဲကိုရောက်တာနဲ့ ဆိုဖာဆီတန်းတန်းမတ်မတ်သွားပြီး ပစ်လှဲကာညည်းညူမိသည်။
ဘယ်လိုတောင် နာနေရတာလဲ!ဆယ်မိနစ်လောက်ကြာတဲ့အခါ လိပ်တစ်ကောင်နီးနီး ဖြည်းဖြည်းလေးသာ ရွေ့လျားနေရတဲ့ စုဇစ်ယောင်ဟာ ရေချိုးခန်းထဲကို ကိုယ်လက်သန့်စင်ဖို့ ၀င်သွားနိုင်၏။
YOU ARE READING
ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)
RomanceFull credit to original creator ᴡᴇʙɴᴏᴠᴇʟ (ᴄɴ) ᴀᴜᴛʜᴏʀ - 北棠墨(ʙᴇɪ ᴛᴀɴɢ ᴍᴏ) ᴇɴɢ ɴᴀᴍᴇ-ɪ ᴅᴏɴ'ᴛ ᴡᴀɴᴛ ʏᴏᴜ ᴛᴏ ʙᴇ ʀᴇsᴘᴏɴsɪʙʟᴇ ᴀssᴏᴄɪᴀᴛᴇᴅ ɴᴀᴍᴇ-老子不要你负责! ˢᵒᵘʳᶜᵉ - ʳʳʳʳʰᵉˣⁱᵃ Unicode Night clubတစ်ခုမှာ အပျော်ရှာပြီးသိပ်မကြာခင်မှာပဲ သူ့ကိုယ်ထဲမှာ မ...