Chapter 52: Dizziness, sore throat, runny nose...

3.1K 605 12
                                    

Unicode

လင်ကျန်းရီဟာ သူ၏အ၀တ်ဗလာအနေအထားနှင့်ပင် မသန့်ရှင်းရသေးသောအခြေအနေကို ကမန်းကတမ်းပြီးဆုံးစေလိုက်သည်။

ဒါပေမယ့်လည်း သူက အခုတစ်လောမှပြောင်းရွှေ့လာခဲ့သူမို့ စုကျစ်ယန်ရဲ့ရေချိုးပဝါ ဘယ်နေရာမှာရှိတယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ။

သေတ္တာကိုလှန်ကာရှာပြီး ဗီရိုထဲကိုလည်းရှာဖွေသည့်တိုင် ရှာလို့မအောင်မြင်ပါ။ ဒါကြောင့် သူ့ဟာကိုသာ ယူသွားလိုက်သည်။ သူ စုကျစ်ယန်အပေါ် ခပ်မြန်မြန်လွှမ်းခြုံကာ ကြီးမားသည့် ရေချိုးပဝါကြီးကိုသုံးကာ စုကျစ်ယန်ကို ဖက်ထုပ်လုံးကြီးသဖွယ် နှစ်ကြိမ်မျှထွေးပတ်လိုက်သည်။

一 ဟုတ်ပါရဲ့။ ဒါက ကိုယ်၀န်ရှိနေတဲ့ ဖက်ထုပ်လေးတစ်လုံးပေါ့။

"စောင်ခြုံပြီး မြန်မြန်ကွေးနိုင်ဖို့ မင်းရဲ့အခန်းကိုသွားရအောင် ပြီးမှကိုယ်မင်းကို မနက်စာကျွေးမယ်"

လင်ကျန်းရီက စကားပြောရင်း သူ့ကိုထွက်လာနိုင်ဖို့ကူညီပေးသည်။ စုကျစ်န်ကတော့ မျက်မှောင်ကြုတ်ကာ ထိုနေရာမှာပင် ဆက်နေနေသည်။

"ကျွန်တော်အောက်ခံဘောင်းဘီကိုမချွတ်ရသေးဘူး။ လမ်းလျှောက်လို့မရနိုင်ဘူး"

အာ...။

အရင်တုန်းက စုကျစ်ယန်ရဲ့ဘယ်လိုထူးဆန်းတဲ့ပုံစံလေးကို မြင်ဖူးခဲ့တယ်ဆိုတာ လင်ကျန်းရီ သတိရသွားချိန်မှာတော့ သူအကျယ်ကြီးအော်ရယ်မိတော့မလိုပင်။ ကလေးတစ်ယောက် အပါ့သွားသလိုမျိုးလေ...။

ရုတ်တရက် သူ့အာရုံထဲတွင် ပုံတစ်ပုံဖျတ်ခနဲပေါ်လာသည်။

一သူတို့ရဲ့အ၀တ်မဲ့တဲ့သားသားလေးက ဘောင်းဘီရှည်ကို ခြေကျင်း၀တ်ထိတိုင်ချွတ်ချထားလျက် အိမ်သာပေါ်မှ ခုန်ချလာဖို့ ဟန်ပြင်နေသည်။

ကောင်ကလေးက ပင်ဂွင်းလေးတစ်ကောင်လိုမျိုး သူ့ဆီကိုဖြည်းဖြည်းလျှောက်လာပြီး ကျောပေးရပ်ကာ အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။

"ဒက်ဒီ... သုတ်ပေးပါ..."

ထူးဆန်းသောအပြုံးတစ်ခုက လင်ကျန်းရီ၏နှုတ်ခမ်းများ၌ဖြစ်တည်လာကာ ဒါကသူ့ကို နည်းနည်းပေါကြေင်ကြောင်ဆန်သည့်လူတစ်ယောက်ဖြစ်အောင် လုပ်နေသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ