Chapter 36: Secretly cheating

3.5K 656 22
                                    

Unicode

ခိုးကြောင်ခိုးဝှက်လုပ်နေတာစုကျစ်ယန်မှန်း လင်ကျန်းရီဘယ်လိုများသိသွားလဲဟုတ်စ.. တံခါးရွက်ပေါ်မှာပေါ်နေတဲ့အရိပ်ကလေးမှာတောင် ခါးလေးပျောက်ပြီးဗိုက်ပူပူလေးကသိသာနေတဲ့ဟာ အခြားဘယ်သူရှိဦးမှာတုန်း..

မူလက စုကျစ်ယန်ဟာ အိပ်ယာပေါ်မှာခဏလောက်လှဲနေရင်း အိပ်ပျော်သွားခဲ့ပြီးဖြစ်သည်။သို့ပေသိ မီးဖိုချောင်ထဲက အသီးအရွက်လှီးဖြတ်သံတွေကို သူကြားခဲ့ရပြီး အဲဒါကထူးဆန်းသည်ဟု ခံစားခဲ့ရသည်။တကယ်ပဲ လူယုတ်မာလင်မျိုးရိုးက ချက်ပြုတ်နေခဲ့သည်လား။

မဖြစ်နိုင်တာပဲ အား...

သူ့လိုလူကဒီလိုနာနာခံခံနဲ့ ချက်ပြုတ်နေတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း...

ဘာကိစ္စပဲဖြစ်ဖြစ် စုကျစ်ယန်မှာမယုံကြည်ခဲ့ချေ။နောက်ဆုံးတော့ သူ့ခမျာအိပ်နေရာကထပြီး တိတ်တခိုးချောင်းကြည့်ရန်မှအပမတတ်နိုင်ခဲ့ပေ။

မီးဖိုချောင်ထဲရှိလင်ကျန်းရီမှာ အသံကျယ်ကျယ်ဖြင့် လှီးချွတ်နေတာဖြစ်ရကား ထိုဓားခုတ်သံတစ်တောက်တောက်မှာ နားထောင်ရကောင်းမွန်လှသည်။သူနားထောင်နေသည်မှာ လုံးဝရပ်မသွားချေ။သူကအရမ်းကို ကျွမ်းကျင်လွန်းသည်။

စုကျစ်ယန်မှာ ခိုးချောင်းနေတာဖြစ်ရကား ရှင်းရှင်းလင်းလင်းမမြင်ရချေ။ သူကအတန်ကြာကြည့်ပြီးနောက် စိတ်ဝင်စားစရာမတွေ့သဖြင့် ပြန်အိပ်ဖို့ထွက်သွားတော့၏။

လင်ကျန်းရီက သူ့အင်္ကျီကိုမကာ ချွေးတွေကိုသုတ်လိုက်ရသည်။ အကောင်ပေါက်ကလေးက နောက်ဆုံးတော့ထွက်သွားပြီဖြစ်၏။သူ့ခမျာ အလွန်စိတ်လှုပ်ရှားနေခဲ့ရတာဖြစ်သည်။

လင်ကျန်းရီက စိတ်လျော့သည့်အနေဖြင့် သက်ပြင်းရှိုက်လိုက်ပြီးမှ သူလှီးထားလို့ ဆိုးဆိုးရွားရွားပျက်စီးသွားသည့် အာလူးများကို အမှိုက်ပုံးထဲထည့်လိုက်သည်။ထို့နောက် သူ့ဘေးမှာပွစာကြဲနေသည့် မုန်လာထုပ်ကိုလည်း ကြည့်လိုက်၏။သူကရေခဲပုံးထဲမှငါးကိုထုတ်ယူလိုက်သည်။ ထိုအရာကိုဘယ်ကစကိုင်ရမလဲမသိသလို လွန်စွာမှခက်ခဲလှ၏။ဥနီ(မုန်လာဥနီ)များသည်လည်း အာလူးများကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာဖြင့် ပျက်စီးကုန်ပြီဖြစ်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now