Chapter 32: Divergence, to return to your house or my home

4.7K 982 70
                                    

Unicode

"ကိုယ် ဘယ်လိုလုပ်မင်းကိုဒီမှာ တစ်ယောက်တည်းထားခဲ့နိုင်မှာတဲ့လဲ"

"... ဒါဖြင့် ခင်များဘာလို့ထွက်သွားသေးလဲ"

စုကျစ်ယန်က မသဲမကွဲသံလေးဖြင့်ပြောလိုက်သည်။

"စကားလေးတစ်ခွန်းတောင်မပြောဘဲနဲ့လေ..."

"မင်းပဲ ဆေးရုံဆင်းချင်တယ်လို့ပြောခဲ့တာမလား ကိုယ်ကမင်းအတွက် ကုန်ကျစရိတ်သွားရှင်းပေးတာလေ ကောင်းပြီ အခုတော့လုပ်စရာတွေလည်းအကုန်ပြီးပြီဆိုတော့ မင်းအဝတ်ပြီးထွက်သွားလို့ရပြီ"

လင်းကျန်ရီကရှင်းပြသည်။

"ကျွန်တော်လော့ယန်ကို လာခေါ်ခိုင်းထားတယ် ခင်..ခင်များသွားလို့ရပြီ"

စုကျစ်ယန်ထိုစကားတွေကိုပြောနေချိန်၌ သူ့အပြုအမူနှင့်ဖြစ်ချင်တာက ကိုက်မနေတာကို ခံစားလိုက်ရသည်။

စကားပြန်ပြောရမယ့်အစား လင်ကျန်းရီက ခြေနှစ်လှမ်းခန့်လှမ်းလိုက်ပြီး ဆေးရုံကုတင်ပေါ်က စုကျစ်ယန်ရဲ့အားကစားဝတ်စုံကိုကောက်ယူလိုက်ပြီး သူ့ကိုကူဝတ်ပေးဖို့ ကြိုးစားလိုက်သည်။

စုကျစ်ယန်ကရှောင်လိုက်ပြီးနောက်..

"ဒီကိုပေးပါ ကျွန်တော် ကိုယ့်ဟာကိုယ်ပဲဝတ်မယ် "

"မင်းသူငယ်ချင်းအနေနဲ့ ပိုက်ဆံမလောက်မှာ သေချာသလောက်ပဲ ဒါကြောင့်လည်း ကိုယ်ကမင်းအတွက်ငွေချေခဲ့တာ မင်းသူ့ကိုပြန်ဖို့ပြောလိုက်လို့ရပြီ!"

လင်ကျန်းရီကနောက်ထပ်အထွန့်တက်တဲ့စကားတွေကို ပြောခွင့်မပေးတော့ဘဲ အားကစားအင်္ကျီကို စုကျစ်ယန်ရဲ့ခေါင်းကနေ လျှိုပြီးဝတ်ပေးဖို့ ပြင်လိုက်၏။
သူကပတ်ပြီးရှောင်တိမ်းချင်နေတာကိုသတိထားမိပြီး သူကပြောလိုက်သည်။

"မင်းဝတ်ဖို့ငြင်းနေရင် အအေးမိသွားမယ်နော် အဲတာကြောင့် မင်းနေမကောင်းဖြစ်သွားလိမ့်မယ်"

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Donde viven las historias. Descúbrelo ahora