Chapter 21: Abhorrent little thing! Just you wait! 2

5.2K 983 24
                                    

Unicode

အိုးခိုင်မော့! သူမရဲ့အတွေးတွေက စိတ်ကူးစိတ်သန်းအပြည့်ပဲ!

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

အိုးခိုင်မော့! သူမရဲ့အတွေးတွေက စိတ်ကူးစိတ်သန်းအပြည့်ပဲ!

"အားလပ်ရက်?"
လင်ကျန်းရီ ဒီမိန်းမဘာတွေတွေးနေလဲ နားမလည်တော့ဘူး။သူကမျက်မှောင်ကြုံ့ပြီး ကြည့်လိုက်သည်။

"နှစ်ကုန်ခွင့်လား"
(T/N နှစ်ကုန်ခွင့်ဆိုတာက ဝန်ထမ်းတွေမှာ တစ်နှစ်မှာဘယ်နှရက်ခွင့်ယူခွင့်ဆိုတာမျိုးရှိပါတယ် ခွင့်မယူတဲ့ဝန်ထမ်းတွေမှာတောင် နှစ်ကုန်နားရက်ဆိုတာမျိုးရှိပါတယ်တဲ့)

"အိုး မဟုတ်ဘူးထင်တယ် သူကနေမကောင်းလို့ခွင့်ယူသွားတာ တစ်စုံတစ်ယောက်က သူ့အစားခွင့်စာလာပေးသွားတယ် အဲတာက ခွင့်ရက်ရှည်ကြီးလားမသိဘူး"

"ဆေးခွင့်လား.. သူဘာဖြစ်နေလို့လဲ.. ဘယ်နေရာကနေမကောင်းတာလဲ.."

လင်ကျန်းရီတစ်ယောက် ရှုပ်ထွေးနေပြီးတော့ မေးခွန်းတွေအများကြီးမေးသည်။

"အဲ အဲတာက.. ကျွန်မလည်းချက်ကျလက်ကျမသိဘူး ကျွန်မသူ့မန်နေဂျာကို ရှင်မေးဖို့ခေါ်ပေးရမလား"

"မလိုတော့ပါဘူး မင်းကိုအလုပ်များစေမိပြီ"

လင်ကျန်းရီ လှည့်ထွက်သွားခဲ့သည်။သူက ဧည့်ကြိုကောင်တာရှေ့က မှန်တံခါးကိုတွန်းဖွင့်ပြီး ဓာတ်လှေကားခလုပ်ကိုနှိပ်ဖွင့်ပြီး မကြာခင်မှာပင် ထွက်သွားခဲ့သည်။

ဧည့်ကြိုကောင်တာစားပွဲရှေ့ရှိမိန်းကလေးမှာ ဘာမှမရှိတော့တဲ့ ဟောခန်းကြီးနှင့်အတူ လင်ကျန်းရီရဲ့နောက်ဆုံးလက်ချောင်းလေးတွေ ပျောက်ကွယ်သွားတဲ့အထိ အကူအညီမဲ့စွာကြည့်ရင်း ကျန်ရစ်ခဲ့သည်။
သူမကသက်ပြင်းချလိုက်ပြီး စကားလုံးအချို့ကို တီးတိုးရေရွတ်လေသည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Donde viven las historias. Descúbrelo ahora