ရှောင်းယန်က ပလာဇာရှိလူများကို အတော်လေးအာရုံတစိုက် လိုက်ကြည့်နေပုံရသည်။ထိုအရာကိုကြည့်ရင်းအားကျောင်းပြုံး၍ မတ်တပ်ထရပ်လိုက်၏။
ထိုစဉ္သူမတံဆိပ်အနီလေးနှင့် ကလေးမလေးတစ်ယောက်ကိုတွေ့သွားသဖြင့် "ဟယ်လို ဒီမမက တစ်ခုလောက်ပြောလို့ရမလား"
နှစ်မိနစ်လောက်ကြာပြီးနောက် ကလေးမလေးတစ်ယောက်က ရှောင်းယန်ရှေ့သို့ ခုန်ပေါက်၍ရောက်လာသည်။
"ကိုကို သမီးက ကိုကို့ကို လက်ဆောင်ပေးမလို့။"
ရှောင်းယန်က ခဏလောက်ကြောင်သွားပြီးမှ "မင်းကငါ့ကိုဘာလို့ လက်ဆောင်ပေးမှာလဲ။"
ကလေးမလေးကခေါင်းခါပြပြီး ဖြေဖို့ငြင်း၏။ ကလေးကသွားလေးတွေပေါက်ခါစသာရှိသေးသည်။ထို့နောက်လေသံတိုးတိုးလေးဖြင့်
"ကိုကိုက မပျော်ဘူးထင်လို့"
"မင်းကဘယ်လိုလုပ်သိတာလဲ။"
ရှောင်းယန်က စိတ်ဝင်တစားဖြင့်မေးလိုက်လေသည်။
အားကျောင်းက သူတို့နှစ်ယောက်စကားပြောနေသည်ကို လှမ်းကြည့်နေ၏။ရှောင်းယန်ကသူ၏ပြောင်းလဲမှုများကို သူကိုယ်တိုင်မသိတာလည်းဖြစ်နိုင်သည်။
အရင်ကရှောင်းယန်သည် သူ မသိသည့်ကလေးဆိုစကားမပြောတတ်။
"ဘာလို့ဆို ကိုကိုက ကစားလည်းမကစားဘူး ရယ်လည်းမရယ်ဘူး"
ရှောင်းယန်က သူမလက်ထဲရှိ လေစကြာလေးကို ကြည့်ရင်းပြုံးလိုက်မိ၏။
"ခေါင်းစည်းထားတဲ့ ဟိုမမက မင်းကို ဒီခေါ်လိုက်တာလား?"ကလေးမလေး အံ့သြသွားတော့သည်။
"ကိုကိုဘယ်လိုသိ....."
သူတို့စကားပြောနေသည့်အချိန်အတွင်းမှာတင် လျှို့ဝှက်ချက်ပေါ်သွားပြီဖြစ်ကြောင်းသူမ နားလည်လိုက်တော့သည်။
ထို့ကြောင့် လျှာလေးထုတ်ကာ လေစင်္ကြာလေးကို ရှောင်းယန်လက်ထဲထိုးပေးပြီး ပြေးပါတော့သည်။"ချစ်ဖို့မကောင်းဘူးလား?"
အားကျောင်းက ရှောင်းယန်နားကိုလျှောက်လာ၏။ရှောင်းယန်က ခေါင်းကိုလည်ရင်းသူမကိုကြည့်လာသည်။ သူ ရုတ်တရက်ပဲ အားကျောင်းလက်ကိုဆွဲကာ သူ့နှလုံးသားထဲက ထိုအမျိုးသမီးကို ဖက်ထားမိလိုက်တော့၏။
"တီချယ်က ဘာလို့ကျွန်တော့်ကို အဲ့လောက်ဂရုစိုက်နေရတာလဲ?"
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...