အားကျောင်းချားပေါ်ကဆင်းလာသည့်အချိန်တွင် ရှောင်းယန်လက်ထဲ၌ ရေခဲမုန့်တစ်ခုက ကိုင်ထားလျက်သား။
သူဒါကို၀ယ်ဖို့ တန်းစီခဲ့ရတာ။
"တီချယ်" ရှောင်းယန်က အားကျောင်းကို
ထိုရေခဲမုန့်လှမ်းပေးလိုက်သည်။သူမ တစ်ကိုက် ကိုက်လိုက်တော့ လက်ဖက်စိမ်းနံ့သင်းသင်းက ခံတွင်းထဲပျံ့နှံ့သွား၏။ အရမ်းချိုသော်ညား သူမအကြိုက်နှင့် ကွက်တိ။
"မင်း မစားဘူးလား?"
ရှောင်းယန်က ခေါင်းကိုယမ်းရင်း
"ကျွန်တော်အဲ့ဒါမျိုးတွေ မကြိုက်ဘူး"အားကျောင်းက လက်မလျော့။
"ငါတို့ဒီကိုကစားဖို့လာတာလေ။ အဓိက အရေးကြီးဆုံးက ပတ်၀န်းကျင်အနေအထားနဲ့ ခံစားချက်ပဲ။ မင်းက စားလည်းမစား ကစားလည်း မကစားဆိုမှတော့ ဘယ်လိုလုပ်ပျော်ဖို့ကောင်း...."နောက်ဆက်တွဲစကားလုံးများက သူမနှုတ်ခမ်းဖျားမှထွက်မလာတော့ပေ။
အကြောင်းမှာ သူမကိုင်ထားသောရေခဲမုန့်ကို ခေါင်းငုံ့၍ကိုက်လိုက်သော ရှောင်းယန်ကိုကြောင်ကြည့်နေမိသောကြောင့်ပင်။
ရှောင်းယန်က ခေါင်းကိုပြန်ထောင်ပြီး သူမကိုပြန်ပြုံးပြ၏။
" အခုစားလိုက်ပြီ"သူ့အပေါ်နှုတ်ခမ်းတွင် ရေခဲမုန့်တွေက ပေလျက်ရှိသေးသည်။ သူလည်း အဲ့ဒါကိုသိပုံရ၏။ နှုတ်ခမ်းပေါ်က ရေခဲမုန့်ကို လက်ဖြင့်သပ်ကာ ထိုလက်ကိုပြန်လျက်လိုက်လေသည်။
အားကျောင်း: "...."
သူမ မျက်နှာကြီး ပြန်နီလာတော့၏။
အရင်ကရှောင်းယန်နှင့်အခုရှောင်းယန်မတူတော့ဘူးလို့ သူမ အမြဲခံစားနေခဲ့ရသည်။
အဓိက အထူးသဖြင့် အဲ့ဒီ ကြည့်ကောင်းလာမှုကြီး....
အားကျောင်းလည်းမခံနိုင်တော့သဖြင့် နောက်ကိုခြေတစ်လှမ်းဆုတ်ကာ သူမလက်ထဲရှိရေခဲမုန့်ကိုရှောင်းယန်လက်ထဲ အတင်းထိုးထည့်လိုက်တော့သည်။
"မင်းပဲ အကုန်စားလိုက်တော့"သူ ဘာမှမတုံ့ပြန်ရသေးခင်မှာတင် သူမလှည့်ထွက်ခဲ့လိုက်တော့သည်။
သူ့ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို သူမအမြဲမသိဘူးဖြစ်နေခဲ့တာ။
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...