နန်းကျမင်းသား မာနကြီးလွန်းသည် (၁)

3.9K 276 21
                                    

Translation of Male lead you are over powered?

Translated by grace

နန်းကျမင်းသား မာနကြီးလွန်းသည် (၁)

~~~~~~~~~~~~

"ကောင်းကင်၏အလိုအရ ဤဧကရာဇ်သည် ဤအမိန့်တော်အား ပြန်ကြားလိုက်သည်။
မင်းသားယန်ဘွဲ့ရ ကျောက်ယင် သည် စုန်းအတတ်ကို အသုံးပြုကာ ဧကရာဇ်အား မလိုတမာစိတ်ဖြင့်ပြုစားခဲ့သည်မို့ ဖခင်ဖြစ်သူနှင့် တိုင်းပြည်အပေါ် ပျက်ကွက်ခဲ့သည်။ ယခုအမိန့်စာတွင် မင်းသားရန်ဘွဲ့ရ ကျောင်းယင်အား အဆောင်အယောင်ဂုဏ်ပုဒ်များကိုရုတ်သိမ်းကာ သာမန်အရပ်သား အဖြစ်နှင့် ပျော်ရွှင်ခြင်းနန်းဆောင်သို့ ပြောင်းရွှေ့စေ။ အမိန့်တော်!"

မိန်းမစိုး၏ စူးရှသောအသံက သူ့နားထဲသို့ပျံ့လွင့်လာသည်။

ကျောက်ယင်တစ်ယောက် ဒူးထောက်ထိုင်နေရာမှ ခေါင်းကိုမယုံနိုင်စွာ အတွင်တွင်ယမ်းတော့သည်။
"ကျုပ်မလုပ်ခဲ့ဘူး! ကျုပ်မှားယွင်းစွပ်စွဲခံရတာ! အဖေက ကျုပ်ကိုဘာလို့မယုံရတာလဲ?"

အမိန့်စာကိုယူလာပေးရသည့် မိန်းမစိုးအန်းလည်း တစ်ချိန်က ရွှေဘုံစံခဲ့သူတတိယမင်းသား၊ အခုတော့ မင်းသားယန်ကိုကြည့်ရင်း သက်ပြင်းကိုသာချမိတော့သည်။ သို့သော် ထိုခံားချက်ကို သူ့မျက်နှာတွင် မပေါ်ပေါက်စေရ။

"ဒါက အရှင်မင်းကြီးရဲ့ ဆန္ဒပါမင်းသား...မဟုတ်သေးဘူး အခုတော့ အရပ်သား​ကျောင်းယင်...အသင်ဒီနေ့ပဲ ပျော်ရွှင်ခြင်းနန်းဆောင်ကို ပြောင်းရွှေ့ပါ။ မင်းကြီးရဲ့အမိန့်တော်ကို မပယ်ရှားလေနှင့်"

မင်းသားယန်အိ်မ်တော်တစ်ခုလုံး ပရိဒေ၀မီးလောင်မြိုက်နေကြသည်။

အစေခံတို့၏ ငိုသံများ၊ ရှုပ်ထွေးနေသော ခြေသံများ၊ အစောင့်တု့ိ၏ အော်သံများက ကျောက်ယင်ကို ပို၍ရှုပ်ထွေးလာစေသည်။

သူ့အဖေက သူ့ကိုဒီလောက်ချစ်တာတောင် ဘာကြောင့် ဒီလောက်အထိရက်စက်ရသလဲဆိုတာကို သူမယုံကြည်နိုင်ပေ။

"တော်ကြစမ်း၊ အသံတွေတိတ်ကြ!"
တက်ကြွသော အသံချိုချိုလေးတစ်ခုထွက်ပေါ်လာကာ ခေါင်းဆောင်သူကင်းမဲ့သော လူအုပ်ကို ငြိမ်ကျသွားစေသည်။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါOpowieści tętniące życiem. Odkryj je teraz