သခင်လေးသည် သွေးအေးသည် - ၂၉

4.3K 619 29
                                    

ကျောင်းလီက သူမအိတ်ကိုယူကာ ထရပ်လိုက်သည်။ ထို့နောက် အပြင်မသွားခင် ၂ယောက်ကိုသေချာကြည့်ကာ ထွက်သွားတော့၏။

ရှောင်းမိုကလည်း ခနဲ့တဲ့တဲ့အမူအရာနှင့် ရှောင်းယန်ကိုကြည့်ကာ လိုက်သွားသည်။

အိမ်ထိန်းနှင့် အခြားအစေခံများကတော့ လိုက်ပို့ရန်အလျင်အမြန်ပင်ပြေးထွက်သွားကြ၏။

အခန်းကျယ်ကြီးထဲတွင် အားကျောင်းနှင့် ရှောင်းယန်နှစ်ယောက်သာ ကျန်ခဲ့သည်။

အားကျောင်းက သူမနောက်တွင် အကူအညီမဲ့သူလို ပုန်းနေဆဲဖြစ်သော ရှောင်းယန်ကိုကြည့်လိုက်၏။

ရှောင်းယန်နှင့်နေခဲ့သည့်တစ်ချိန်လုံးတွင် ရှောင်းယန်က နည်းနည်းလေးဖြဲခြောက်ရုံနှင့် ​ေကြာက်တတ်သည့် ကောင်လေးမှန်းယုံနိုင်စရာမရှိခဲ့။

ဘယ်လိုလုပ်ပြီးများ ဇာတ်လိုက်ကောင်က လွယ်လွယ်ကူကူကြောက်နိုင်ရတာလဲ!

ထားပါတော့ အစမို့ကြောက်တယ်ထားဦး နှစ်၀က်တစ်ခုလုံး သူ့ကိုသေချာပြုစုပြီး ပြောင်းလဲသွားအောင်ပျိုးထောင်ခဲ့တာပဲလေ။

ရှောင်းယန်က သူ့ခန္ဓာကိုယ်ကိုမတ်လိုက်သည်။ သို့သော် အားကျောင်းဘေးကတော့ထွက်မသွား။ ထိုအစား အားကျောင်း၏ ခါးကိုဖက်ချလိုက်၏။

အားကျောင်း : “!!!”

ရုတ်တရက်အပြုအမူကြောင့် သူမမှာ ထခုန်မိမတတ်။

ဒါ ဘာကြီးလဲ??

ရှောင်းယန်က သူ့ခေါင်းလေးကို အ​ားကျောင်း၏ လည်ပင်းတွင်နှစ်ထားလိုက်သည်။ သူ၏ ပြုံးနေသောနှုတ်ခမ်းများကို အားကျောင်းမမြင်။

"တီချယ်...ကျွန်တော် အရမ်း၀မ်းနည်းနေတယ်"
သူ့ခေါင်းကို သူမခေါင်းဆီသို့တိုး​ေ၀ှ့ကာ ပြောပြန်သည်။

အားကျောင်း : “......”

အခုထိ တစ်ခုခုမှားနေသည်ဟု ခံစားရနေသေးတာမို့ ရှောင်းယန်ကို သူမမေးရန်ပြင်လိုက်သည်။
"ဘာလို့၀မ်းနည်းနေတာလ​ဲ? တီချယ့်ကိုပြော။ ဒါပေမယ့် ဒီလိုကြီးလုပ်ထားတာ မသင့်တော်ဘူးထင်..."

ဇာတ်​လိုက်​ကိုကယ်​တင်​ပါDonde viven las historias. Descúbrelo ahora