အန်တီကျန်းခဏတာတော့ ကြောင်အသွားသည်။ ရှောင်းယန်၏ စကားတွေကို ဘယ်လိုတုံ့ပြန်ရမည်မှန်း သူမ မသိ။
သို့သော် အိမ်ထိန်းကတော့ နားလည်လေသည်။ သူ့မျက်နှာကြီး သုန်မှုန်သွား၏။
"အန်တီ့ရဲ့လစာက ကျွန်တော့်အမေထားခဲ့တဲ့ငွေထဲက ပေးတာဆိုတော့ ယေဘုယျအားဖြင့် သူတို့တွေနဲ့ မဆိုင်ဘူး"
ရှောင်းယန်၏ လက်ချောင်းများက အားကျောင်း၏ လက်ဖမိုးပေါ်သို့ ပွတ်တိုက်သွားသည်။ထို့နောက် ဆက်ပြော၏။
"အဲ့ဒါကြောင့် အိမ်ထိန်းကိုပဲတတ...ရှောင်းသခင်ကြီးကိုပဲ တိုင်တည် တိုင်တည်...ကြိုက်တဲ့သူကိုကြိုက်သလိုရှာ။ ဒါပေမယ့်.......""ဘယ်လိုပဲနေနေ ကျွန်တော် ခင်ဗျားကို ဒီနေ့သေချာပေါက် အလုပ်ထုတ်မှာပဲ။"
အန်တီကျန်းတစ်ယောက် ကြည်လင်နေသောရှောင်းယန်၏ မျက်လုံးများနှင့်ဆုံလိုက်သည်။ သူမစိမ့်နေအောင်ကြောက်သွားမိ၏။
သူမသည် အင်အားကြီးသူကိုကြောက်ရွံ့ရင်း သူမထက်အင်အားနည်းသူကို အနိုင်ကျင့်ခဲ့သူမျိုးသာဖြစ်သည်။ ရှောင်းယန်၏ ပြတ်သားသောဆုံးဖြတ်ချက်နှင့်တွေ့ဆုံလာသည့်အခါမျိုးတွင်တော့ သူမ၏ မောက်မာမှုသည်လည်း ဦးကျိုးသွားခဲ့ရလေပြီ။ အိမ်ထိန်းကိုသာ တစ်ခုခု၀င်ပြောပါဦးဟူသော ပုံစံဖြင့်ကြည့်နေရှာသည်။
သို့သော်ငြား အိမ်ထိန်းလဲ ဤအခြေအနေတွင် ကြား၀င်ရန် မဖြစ်နိုင်။
သူရှောင်းယန်ကို အံ့သြတကြီးကြည့်လိုက်မိသည်။ ထိုကလေးကို သူနှစ်ပေါင်းများစွာစောင့်ရှောက်ခဲ့သော်လည်း ယခုသူ့ရှေ့တွင်ရပ်နေသူသည် တစ်ယောက်တည်းဖြစ်သည်ဟု မထင်ရပေ။
ဒါဆို ရှောင်းယန်အစစ်ဘယ်ရောက်သွားသလဲ?
ဘာဆိုဘာမှမသိသော အရူးကောင်ရှောင်းယန်နှင့် လက်ရှိသူ့မျက်စိရှေ့တွင် အေးစက်ကာကြောက်မက်ဖွယ်ကောင်းသော ရှောင်းယန်....ဒီနှစ်ခုရဲ့ ပြောင်းလဲမှုက ခြောက်လပဲကြာသတဲ့လား?
"သခင်လေး"
နောက်ဆုံးတော့ အိမ်ထိန်းက ခပ်ဖြည်းဖြည်းပြောလိုက်သည်။
"သခင်လေးက ဒီအိမ်တော်ရဲ့ပိုင်ရှင်မို့ ဒီနေရာမှာ သခင်လေးပြောသမျှဟာ အမိန့်ပါပဲ။
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...