အိမ်ထိန်း၏ စကားများက ထူးဆန်းသည်ဟု အားကျောင်းထင်မိသည်။
"ကျွန်မက ဘာကိုပြင်ရမှာလဲ"
သူမက ချက်ချင်းတုံ့ပြန်၏။အိမ်ထိန်းဆွံ့အသွားသည်။
ဟုတ်သားပဲ။ သူကဘာလုပ်စရာရှိလို့လဲ?တကယ်တော့့ အိမ်ထိန်းပြောချင်သည်က သာမန်လူတွေ ဤကဲ့သို့သော အခြေအနေနှင့်ကြုံတွေ့ရလျှင် စိတ်လှုပ်ရှားတတ်ကြသည်ချည်းသာ။အနည်းဆုံးတော့ ပုံမှန်နှင့် ကွာခြားသွားတတ်စမြဲ။
သို့သော် တည်ငြိမ်လွန်းသော မိန်းကလေးရှူကို မြင်ရတာ သိပ်တော့ခံစားချက်မကောင်း။
သူမက စိတ်ပဲမာလွန်းတာလား။ အကြောက်အလန့်ပဲ မရှိတာလား။
ရှောင်းယန်ကတော့ ၀မ်းပဲသာသာ စိတ်ပဲညစ်ညစ် အေးတိအေးစက်ပုံစံပဲမို့ သူဘာဖြစ်နေလဲ အိမ်ထိန်းမခန့်မှန်းတတ်။
ဘာမှမပြောသော အိမ်ထိန်းကို အားကျောင်းစောင့်နေလိုက်သည်။ သူမရှောင်းယန်ကိုအိမ်အပေါ်ထပ်ပို့ခါနီးမထိ အသုံးအ၀င်သည့်အကြံေလးများ ရမလားဟု စိတ်ရှည်လက်ရှည်စောင့်ေနခြင်းဖြစ်သည်။
တာ၀န်ကိုပြီးအောင်လုပ်ဖို့ထက်ပိုပြီး အရေးကြီးတာမရှိဘူးမလား။
တစ်ခြားစကားနှင့်ပြောရလျှင် ဒီလောကတွင် ရှောင်းယန်နှင့်ပတ်သတ်သမျှ အားလုံးအရေးကြီးသည်။
ထို့ကြောင့် ရှောင်းယန်၏ အဖေနှင့် ကျောင်းလီအိမ်တော်သို့လာရောက်သည့်အခါ ပထမဆုံးမြင်ရမည့်သူမှာ ရှောင်းယန်မဟုတ်ပေ။
ရှောင်းယန်၏အဖေမှာ အသက်လေးဆယ်ကျော်အရွယ်ဖြစ်သည်။ ထိုကဲ့သို့သော အရွယ်များမှာ သူတို့၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းရန်ခဲယဥ္းလှသော်လည်း သူကတော့ ပုံသိပ်မပျက်။ ထို့ကြောင့် ကြည့်ကောင်းသော လူကြီးတစ်ယောက်ဟု သတ်မှတ်၍ ရနိုင်သည်။
စဥ္းစားကြည့်မိတော့ ရှောင်းယန်လို ချောချောမောမောသားလေးမွေးထားနိုင်တာ မဆန်း။
သို့သော်မျက်နှာထားက ခပ်တင်းတင်းမို့ ကြည့်တာနှင့် ပေါင်းရလွယ်မည့်မဟုတ်တာမျိုးတော့ သေချာသည်။
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...