သခင်လေးသည် သွေးအေးသည် - ၁၈

6.5K 906 16
                                    

အချိန်များ ကုန်လွန်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အားကျောင်း ဤကမ္ဘာ၌ နေနေသည်မှာ ခြောက်လမျှရှိတော့မည်။

အာရုံတက်ချိန်......

သူမကို ထရန် Systemက အော်နှိုးနေသော်ငြား အိပ်ငိုက်နေသေးသည်။

အိပ်ယာမှထကာ လေ့ကျင့်ခန်းလုပ်ရမည့်အချိန်ရောက်နေလေပြီ။

သူမ ကုတင်ပေါ်ကဆင်း၍ အိပ်ချင်မူးတူးဖြင့် မျက်နှာသစ် အ၀တ်အစားလဲလိုက်သည်။

တံခါးကိုဖွင့်လိုက်တော့ ထင်သည့်အတိုင်းရှောင်းယန်ကရပ်စောင့်နေသည်။

နှစ်ဝက်အတွင်း ရှောင်းယန်တွင် အတော်များများပြောင်းလဲသွားသည်။

ယခင်က ဆံပင်ရှည်များက အားကျောင်း၏လက်စွမ်းဖြင့် တိုသွားကာ ရှင်းသန့်နေသည်။

အရင်ကဖြူလျော်နေသည့်အသားအရေက အခုတော့အတော်လေးပြန်လည်ကျန်းမာလာပြီဖြစ်၏။ အကြောင်းမှာ အား​ကျောင်း၏ လေ့ကျင့်ခန်းများကြောင့်ပင်ဖြစ်သည်။ယခုလည်းအသားအရည်က ဖြူသော်ငြား အရင်လို ပျော့တိပျော့ဖတ်တော့မဟုတ်တော့ပေ။

ပြည့်ပြည့်ဖြိုးဖြိုးလည်းပြန်ဖြစ်လာပြီမို့ ယခင်လိုလေတိုက်ရုံနှင့်လွင့်သွားမည့် ပိုးဟပ်ဖြူလေးမဟုတ်တော့ပေ။

လုံးဝပြောင်းလဲသွားသည့်အရာကတော့ ဇာတ်လိုက်အပေါ် သူမခံစားရသည့် အငွေ့အသက်ဖြစ်သည်။ အရင်က ပန်းလေးလိုနူးညံ့ကာ ကြောင်လေးလိုကြောက်လန့်နေတတ်သူ။

အခုတော့အတော်လေး အဆင်ပြေလာပြီဖြစ်သည်။ အားကျောင်း သူမရှေ့ရှိကောင်လေးကို ပိတိဖြစ်စွာကြည့်လိုက်သည်။ သို့သော် အရင်နှင့်မတူတော့ဘူးဆိုသော်ငြား အေးဆေးငြိမ်သက်သည့်အသွင်ကတော့ပြောင်းလဲမသွားသေးပေ။

ဤကဲ့သို့သော ရှောင်းယန်၏ပုံစံကိုမြင်သည့်ဘယ်သူမဆို တည်ငြိမ်အေးဆေးသောကောင်လေးဟု မှတ်ချက်ချကြမှာမလွဲပေ။

"တီချယ် မောနင်းပါ"
ရှောင်းယန်က သူမကိုပြုံး၍နှုတ်ဆက်သည်။

ထို့နောက်မည်သူမျှစကားမဆိုတော့ပ​ဲ လုပ်နေကျအတိုင်းအိမ်တော်ထဲမှထွက်လာလိုက်သည်။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now