အားကျောင်း၏မေးခွန်းကို systemကြားတော့ သူ့ခန္ဓာကိုယ်လေးက အဖြူရောင်အလင်းတွေထွက်လာလေသည်။ထို့နောက် ပါးစပ်လေးကို ဟ၍
"ငါ....ငါ လည်းအခုထိမသိသေးဘူးလေဟယ်...."အားကျောင်း : “......”
သူမလည်းကြောင်တိကြောင်တောင်ဖြင့်ပြန်မေး၏။
"ဒါပေမယ့် နင်က ငါ့ရဲ့guideမဟုတ်ဘူးလား"System က သူမထက်ပို၍ ကြောင်တိကြောင်တောင်ဖြင့်ပြန်ဖြေလေသည်။
"ဟုတ်တယ်လေ...ဒါပေမယ့် ဒီတစ်ခုက ငါ့ရဲ့ပထမဆုံးmissionမို့"အားကျောင်း : “......”
သူမရှေ့တွင်တောက်ပနေသော အလင်းဖြူဖြူလုံးလုံးလေးကို ကြည့်၍ သက်ပြင်းချလိုက်သည်။သို့သော် မျှော်လင့်ချက်လေးဖြင့်ထပ်မေးလိုက်၏။
"ဒါဆို နင်သိတာဘာရှိလဲ?Systemက အနည်းငယ်ရှက်နေသည့်ဟန်ဖြင့် တိုးတိုးလေးပြန်ဖြေသည်။
"ငါ သိတာက ကမ္ဘာတစ်ခုစီက ဇာတ်လိုက်ကဘယ်သူလဲဆိုတာရယ်၊ ဇာတ်လိုက်နားကပ်လို့ရမယ့်ခန္ဓာကိုယ်တစ်ခုစီကို Hostအတွက်ရွေးပေးတာရယ် ဒါပဲရှိတယ်"အားကျောင်း ချက်ချင်းနားလည်လိုက်သည်။ အချိန်တိုင်း Systemစုတ်ကို အားကိုး၍မရနိုင်ပေ။
သူမ နှစ်စက္ကန့်လောက်စိတ်ဓာတ်ကျသွားသည်။ သို့သော် သူမစိတ်ထဲရှိ မိမိကိုယ်ကိုယ်နှစ်သိမ့်သည့် စနစ်က အော်တိုပွင့်လာလေသည်။ထို့ကြောင့် ချက်ချင်းတက်တက်ကြွကြွပြန်ဖြစ်သွားသည်။
"ကိစ္စမရှိပါဘူး။အချိန်ယူကြတာပေါ့"
သူမက Systemကိုနှစ်သိမ့်လိုက်သည်။မသိလည်း ပြဿနာမရှိပါဘူး။ကိုယ့်ဟာကိုယ်ပဲရှာရုံပေါ့။အားကျောင်းကိုယ့်ဖာသာကိုယ်နှစ်သိမ့်လိုက်သည်။
ဇာတ်လိုက်၏မိထွေးက သူမကိုပိုက်ဆံတွေအများကြီးပေးကာ ဂိုက်လုပ်ရန်ခေါ်ထားခြင်းဖြစ်သည်။ထို့ကြောင့် ဇာတ်လိုက်နှင့်ဖြုန်ရန်အချိန်အများကြီးရှိနေသည်။
YOU ARE READING
ဇာတ်လိုက်ကိုကယ်တင်ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...