သူတို့ အောက်ဆင်းလာတော့ ဆရာ၀န်ပင်ရောက်နေပြီ။
စစ်ဆေးမှုများပြီးသွားသော အခါ အားကျောင်း၏အခြေအနေကောင်းမွန်ကြောင်းပြော၏။ ပိုး၀င်တာမျိုးလည်းမရှိပေ။ အဖျားကျဆေးသောက်ရုံနှင့် ကောင်းသွားလိမ့်မည်။
အားကျောင်းကတော့ မူးေ၀စွာပင်ထိုင်နေသည်။ ဆရာ၀န်ပြန်သွားတော့ ယိုင်တိုင်တိုင်ဖြင့်ပင် သူမအခန်းဆီသို့ အနားယူရန်သွားလိုက်သည်။
ရှောင်းယန်လည်း သူမနောက်မှလိုက်လာပြီး သူမအိပ်မှ စောင်လေးခြုံပေးကာ ပြန်ထွက်လာလိုက်သည်။
သူ့ဆရာမဖြစ်သူ အားကျောင်းဖျားနေသည်မို့ ဒီနေ့စာသင်ဖို့ရန်မရှိတော့ပေ။
အိမ်တော်ထဲရှိ အစေခံများမှာလည်း ဒုတိယထပ်တွင် လုပ်စရာများများစားစားရယ်ဟူ၍မရှိ
ရှောင်းယန် သူ့အခန်းသို့ပြန်လာလိုက်ပြီး ပြတင်းပေါက်ဘေးတွင်ရပ်လိုက်ပြီး အပြင်ဖက်ရှိ ပိုးစာပင်ကို လှမ်းကြည့်လိုက်သည်။
စောင်ကိုပြုံးပြီးကိုင်ထားတဲ့ အားကျောင်းကိုတွေးမိတော့ ရှောင်းယန်ပြုံးမိသွားသည်။ ထို့နောက် အိပ်ထဲကဖုန်းကိုထုတ်၍ နံပါတ်တစ်ခုကိုခေါ်လိုက်သည်။
"ဦးလေး...ကျွန်တော်ပါ။ ရှောင်းယန်"
(TL: အမေဖက်က ဦးလေး)အားကျောင်းသာ ထိုနေရာတွင်ရှိလျှင် ရှောင်းယန်ကိုင်ထားသည့်ဖုန်းမှာ သာမန်ဖုန်းမဟုတ်ပဲ စျေးကွက်ထဲမှာပင်ရှာမရတော့သည့် ဖုန်းဟောင်းတစ်လုံးဖြစ်ကြောင်း သိနိုင်ပေလိမ့်မ ည်။
ဒီဖုန်းအကြောင်းကို အားကျောင်းမသိမှန်း ရှောင်းယန်ရိပ်မိသည်
အိမ်ထိန်း၀ယ်ပေးထားသည့်ဖုန်းတွွင် မည်သည့်လျှို့၀ှက်ချက်မှမရှိ။မဟုတ်လျှင်
သူ ဘယ်သူ့ကိုပဲဖုန်းခေါ်ခေါ် ကျောင်းလီဆီသို့ autoရောက်သွားလိမ့်မည်။အဲ့ဒီမိန်းမက သူ့ကိုဘယ်သောအခါမှ လွှတ်ပေးလိမ့်မည်မဟုတ်။
သူ့ကိုဒီနေရာအထိ အတင်းပို့ပြီးတာတောင် ကျေနပ်ခြင်းအလျင်းမရှိ။
သူ့အမေရဲ့ စီမံမှုကြောင့်သာမဟုတ်လျှင် ကျောင်းလီက ဒီလိုအနုနည်းတွေသုံးနေမှာမဟုတ်ပဲ သူ့ကို တစ်ခါတည်း လက်စတုံးပစ်ပေလိမ့်မည်။
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...