အားထဲကျောင်းစိတ်တွင်တော့ မိခင်မေတ္တာငတ်နေသည့်ထိုကလေးကို နွေးထွေးမှုအနည်းငယ်ပေးလိုက်လျှင် အဆင်ပြေသွားလိမ့်မည်ဟု တွေးနေမိသည်။
သူမ သူ့ကိုပြောလိုက်သည်။
"မင်းက အိမ်အပြင်ကိုသိပ်မထွက်တော့ လူတွေအများကြီးနဲ့မတွေ့ဖူးသေးလို့ပါ။"ရှောင်းယန်က ခေါင်းမာမာဖြင့် ခေါင်းယမ်းပြသည်။
"မဟုတ်ဘူး။ တီချယ့်လောက် ဘယ်သူမှမကောင်းဘူး"အကယ်၍ရှိခဲ့လျှင်တောင် ထိုလူသည် သူ့ရှေ့တွင်ရှိသော သူမ မဟုတ်ပါပေ။
အားကျောင်း နောက်ဆုံးတော့ လက်မြောက်လိုက်သည်။
"ဟုတ်ပါပြီ။ တီချယ့်ကိုလွှတ်ပါဦး"ဒီတစ်ကြိမ်တော့ ရှောင်းယန်က ဘာမှမပြောပဲ အသာတကြည်လွှတ်ပေးလိုက်သည်။
အားကျောင်းက သူမလက်ထဲရှိဆေးပစ္စည်းများကိုနေရာတကျပြန်ထားလိုက်ကာ ရှောင်းယန်ကိုပြောလိုက်သည်။
"ကဲ စာလုပ်ဖို့အချိန်ရောက်ပြီ"သူမ တာ၀န်ကိုတော့ သူမ မေ့၍မဖြစ်ပေ။
အားကျောင်းအမြင်တွင် ရှောင်းယန်သည် ကျောင်းတက်ရမည့်ကလေးဖြစ်သည်။၊ကျောင်းမှာသင်သည့်ပညာက အိမ်မှာခေါ်သင်တာထက် ပိုအဆင်ပြေသည် မဟုတ်ပါလား။
သို့သော် ရှောင်းယန်၏ အိမ်အနေအထားနှင့်ဆိုလျှင်တော့ ကျောင်းမတက်တာ ပိုသင့်တော်လိမ့်မည်။
သူမလုပ်နိုင်သမျှအရာအားလုံး ကြိုးစား၍ သင်ပေးဖို့သာ လုံးပမ်းရတော့မည်။
ကံကောင်းစွာပင် systemက စောက်သုံးမကျသော်ငြား သူမကို တချို့သော အချက်အလက်များ ကို သူမအားပေးနိုင်နေသေးသည်။
အဘယ်ကြောင့်ဆိုသော် ရှောင်းယန်ကို စာဘယ်လိုသင်ရမယ်မှန်းသူမ မသိသောကြောင့်ပင်။ထို့ကြောင့် သူ့ကို မေးခွန်းလွယ်လွယ်လေးတွေသာ ပေးထားလိုက်၏။
မကြာခင်မှာပင် ရှောင်းယန်၏ အခြေအနေမှာ အတော်လေးဆိုးရွားနေသည်ကိုတွေ့လိုက်ရသည်။
အထက်တန်းဂျူနီယာအဆင့်အတွက်စာများအားလုံး သူပြန်လေ့လာဖို့လိုနေသည်။
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...