ရနံ့လေးက ရေမွှေးနံ့လိုမဟုတ်။
သူမ၏ ကိုယ်ပိုင်ရနံ့လေးသာ။ အရမ်းလည်းမပြင်းပဲ ခပ်သင်းသင်းလေး။
စမ်းချောင်းလေးစီးသွားသလိုမျိုး တစ်ခါရှူသွင်းမိလျှင် နောက်ထပ်ပြန်ခံစားချင်လောက်အောင် ဆွဲဆောင်နိုင်သည်။
အားကျောင်းဆီမှ ကိုယ်သင်းနံ့ကို ရှောင်းယန် ရှူရှိုက်လိုက်သည်။ ထို့နောက် ဘာစကားမှမပြောတော့ပဲ အိမ်ဆီကိုသာ သယ်လာခဲ့လိုက်တော့သည်။
အိမ်တော်ထိန်းကလည်း ရှောင်းယန် အားကျောင်းကို သယ်လာတာ မြင်သည်။ သို့သော် သူ့ပုံစံမှာ တည်ငြိမ်လှ၏။ ဤခြောက်လအတွင်း အတော်များများကို သူမြင်ခဲ့ပြီး မဟုတ်ပါလား။
ရှောင်းယန်ကလည်း အိမ်ထိန်းကိုစကားပြောခဲသည်။ တကယ်ဆို အားကျောင်းကလွဲပြီး ကျန်သည့်သူများကို သူက စကားစတာမျိုး ရှောင်ယန် မနှစ်သက်။
"ကျွန်တော့ဆီကို အဖျားပျောက်ဆေးယူလာပေးပြီး ဆရာ၀န်ကို ဖုန်းခေါ်ပေး"
အိမ်ထိန်းက ကြောင်တိကြောင်တောင်ဖြင့် ခေါင်းငြိမ့်သည်။ ရှောင်းယန်အပေါ်ရောက်သွားသည်အထိ သူ နေရာက မရွေ့နိုင်သေး။
ရှောင်းယန်က အားကျောင်းကို အခန်းသို့ လိုက်ပို့သည်။
"တီချယ် အခန်းသော့ ဘယ်မှာလဲ"
အားကျောင်းဆီက ဘာတုံ့ပြန်မှုမှ ပြန်မလာ။
ရှောင်းယန် ခေါင်းကိုငဲ့၍ သူမကိုလှည့်ကြည့်လိုက်သည်။
အားကျောင်း၏ မျက်နှာနုနုလေးက သူ့ရှေ့တွင် ပေါ်လာ၏။ သူမ မျက်၀န်းများကိုမူကား မှိတ်ထားသည်။ သူမ အိပ်ပျော်နေသည်ပဲ။
သူမ ရှူထုတ်လိုက်သည့်လေထုက ရှောင်းယန် ပါးကို ကလူကျီ်စယ်သွားသည်။
ရှောင်းယန်မနေတတ်စွာဖြင့် အားကျောင်းကို ကြည့်နေလိုက်သည်။၂စက္ကန့်လောက်ကြာတော့ သူ ဆုံးဖြတါချက်တစ်ခုကိုချလိုက်သည်။
သူ့ခြေလှမ်းများကို သူ့အခန်းဆီသို့သာ ဦးတည်လိုက်တော့သည်။
တံခါးlockက iris scam(မျက်ကြည်လွှာဖြင့် ဖွင့်ခြင်း) မို့ သူ သက်သက်သာသာပင် အားကျောင်းကို ချီရင်း ၀င်သွားလိုက်သည်။
ESTÁS LEYENDO
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...