ရှောင်းယန်က ခေါင်းငြိမ့်လိုက်၏။ အားကျောင်းအနောက်မှလ်ုက်လာရင်း ရုတ်တရက် ခြေထောက်များကမမျှော်လင့်ပဲပျော့ခွေသွားကာ မြေပေါ်သို့ပုံလျက်လဲကျသွားသည်။
မျက်စိလျင်သော အားကျောင်းက အမြန်ဖမ်းလိုက်ရ၏။
ထိုအမျိုးသမီး၏ရနံ့ချိုချိုလေးက သူ့နှာခေါင်းထဲသို့ခုန်ဝင်လာသည်။
ရှောင်းယန်၏မျက်နှာလေး ရဲမှည့်လာသည်။ချက်ချင်းပဲသူမကိုတွန်းလိုက်သော်လည်း အားမရှိသောကြောင့် အချည်းအနှီးသာ။
(Grace : သောက်ကျိုးနည်း ဘယ်လိုအခြေအနေကြီးလဲ 😐)ဇာတ်လိုက်၏ အားကိုကြည့်ကာ အားကျောင်းရှော့ခ်ရသွားသည်။ သူမ ဇာတ်လိုက်နှင့် ခပ်ခွာခွာနေရန်မေ့သွားခဲ့သည်။
သူမမျက်မှောင်ကျုံ့ကာ ရှောင်းယန်၏လက်မောင်းကိုထိန်းရင်းပြောလိုက်သည်။
"မလှုပ်နဲ့ဦး....အားလည်းမရှိသေးပဲနဲ့"ရှောင်းယန်ကတော့ ဖြေရမှာရှကိနေသောကြောင့်ခေါင်းကြီးကိုအောက်သို့သာငုံ့ထားလေသည်။
ထိုပုံစံကိုကြည့်ရင်းအားကျောင်း ရုတ်တရက် တစ်ခုကိုသတိရမိသွားသည်။
ဇာတ်လိုက်သည် သူတွေသူ့အနားကပ်သည်ကိုမကြိုက်ပေ။ထို့ကြောင့်သူ့ကိုပြန်မေးရသည်။
"မင်း အခုငါ့ကိုမှီထားရင် အဆင်မပြေလောက်ဘူး မလား?"ရှောင်းယန်က တစ်လုံးမှမပြောပဲ ခေါင်းကြီးကိုသာငုံ့မြဲငုံ့ထားသည်။သို့သော် ဆံပင်တို့ဖြင့်ဖုံးနေသော နားဖျားလေးမှာနီရဲနေလေပြီ။
အားကျောင်းကတော့ ထိုအခြေအနေကိုသိပ်စဉ်းစားမနေပေ။ဇာတ်လိုက်၏တုံ့ပြန်မှုကိုကြည့်ရင်းပျော်နေတော့သည်။
သူမကို တွန်းမထုတ်ဘူးတော့....
ဒါ...ဘာကိုဆိုလိုချင်တာပါလိမ့်?
YOU ARE READING
ဇာတ်လိုက်ကိုကယ်တင်ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...