အားကျောင်း မသက်မသာဖြစ်နေပုံကိုခံစားမိ၍ထင်သည်။ရှောင်းယန် သူမကိုလှမ်းမေးလိုက်သည်။
"တီချယ်...ဘာဖြစ်လို့လဲ"အားကျောင်းက သူတို့ကိုင်ထားသောလက်ကိုလှုပ်ပြကာပြန်ဖြေသည်။
"မင်းက ဘာကိစ္စ ငါ့လက်ကိုကိုင်ထားရတာလဲ?"ရှောင်းယန်က ရုတ်တရက် ဖြူလျော်သွားကာ အားကျောင်းလက်ကိုဓာတ်လိုက်သည့်အလားလွှတ်ချလိုက်သည်။
"တီချယ်ကျွန်တော့်ကိုမုန်းသွားပြီလား"
အားကျောင်း: “......”
သူမ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားကာ systemကိုလှမ်းမေးလိုက်သည်။
"ငါ ဇာတ်လိုက်ကို စကားကြမ်းကြမ်းတွေပြောလိုက်မိပြီလား"Systemလည်း ယောက်ယက်တွေခတ်နေသည်။
"ပြောတာတော့ ဆယ်ကျော်သက်တွေကစိတ်ခံစားမှုအရမ်းလွယ်တယ်တဲ့။ပြီးတော့ ဇာတ်လိုက်ကလည်း လူတွေနဲ့ဆက်ဆံရမှာကြောက်နေတယ်ဆိုတော့"အားကျောင်းရုတ်တရက် နောင်တရလိုက်သလိုခံစားလိုက်ရသည်။
သူမ ခဏနေတော့ ဇာတ်လိုက်၏လက်ကို ဇတ်ခနဲပြန်ဆွဲလိုက်သည်။
"ဒီတီချယ်က မင်းကိုမုန်းစရာလား....ဒီအတိုင်း လက်ကိုင်တာနဲ့ကျင့်သားမရသေးတာ။ဟုတ်တယ်....ကျင့်သားမရသေးလို့"
ရှောင်းယန်က သူတို့ယှက်ထားသည့်လက်တွေကိုပြန်ကြည့်လိုက်သည်။သူကိုယ်တိုင်လည်းစိတ်ထဲကကျေနပ်နေသည်မဟုတ်ပါလား။သူ စိတ်မကောင်းဟန်နှင့်အတူ အသံခပ်တိုးတိုးဖြင့်ပြောလိုက်သည်။
"တီချယ် ကျွန်တော်စိတ်ချမ်းသာအောင်ပြောပေးဖို့မလိုပါဘူး"အားကျောင်းခေါင်းကိုချက်ချင်းယမ်းပြလိုက်၏။
"မင်းစိတ်ချမ်းသာအောင်ပြောနေတာမဟုတ်ပါဘူး။ တီချယ်က တကယ်ရှောင်းယန်ကိုသဘောကျတာပါ"“တကယ်လား"
ရှောင်းယန်ရီလိုက်ကာ အားကျောင်း၏လက်ကိုဆုပ်လိုက်သည်။
"ကောင်းလိုက်တာ...တီချယ်တစ်ယောက်ပဲ ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံပေးတယ်။"
YOU ARE READING
ဇာတ်လိုက်ကိုကယ်တင်ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...