"သခင်ကြီး? သခင်မ?"
ဇာတ်လိုက်ရဲ့ အဖေနဲ့ မိထွေးကိုပြောတာလား?
သူမလက်ထဲတွင်ကိုင်ထားသော စားလက်စ တူ ပင်ရပ်တန့်သွားသည်။
"မနက်ဖြန်လာမှာပေါ့?"အိမ်ထိန်းက ခေါင်းငြိမ့်၏။
"ဟုတ်တယ်။ သခင်မက အခုပဲပြောလိုက်တာ။"အားကျောင်း ရှောင်းယန်ဆီသို့ ရည်ရွယ်ချက်မရှိစွာ ကြည့်မိသွားသည်။
ရှောင်းယန်ကတော့ ဘာကိုမှမကြားသလို စွပ်ပြုတ်ကိုသာ ဆက်သောက်နေသည်။
စွပ်ပြုတ်သောက်ပြီးသွားတော့ ပန်းကတ်တွေကို ထမင်းစားပွဲမှရွေ့လိုက်သည်။ သူ့အသံသေးသေးလေးကြောင့် ထင်သလောက် စိတ်ထဲတွင် တည်ငြိမ်မနေကြောင်း အားကျောင်း သိလိုက်သည်။
"ဒီနှစ်တွေထဲမှာ ကျွန်တော်တစ်ယောက်တည်းကောင်းကောင်းနေနိုင်ခဲ့တာ။ အခုမှသူတို့က ဘာလိုချင်လို့လဲ? "
ဤသည်မှာ ဆယ်ကျော်သက်ကောင်လေး၏ စိတ်မကျေနပ်မှုကို ဖော်ပြခြင်းဖြစ်၏။အိမ်ထဲမှာမူကား ရှောင်းယန်၏အမူအရာများကိုမှတ်သားကာ စိတ်ထဲတွင် တိတ်တဆိတ်ဆိုနေမိသည်။
သခင်လေးရှောင်းယန်က ဒေါသကြီးတဲ့ကောင်လေးပါပဲ။ အဆုံးသတ်မှာကျတော့လည်း သူအိမ်ကြီးထဲမှာ နှစ်တွေအများကြီးနေလာခဲ့တာပဲ။ ကောင်လေးခမျာ ဘယ်သူနဲ့မှလည်းမဆက်သွယ်နိုင်ရှာသလို ရင့်ကျက်အောင်လည်း မလုပ်နိုင်ရှာဘူး။အာားကျောင်းကတော့ စိတ်ထဲတွင် တွက်ချက်နေမိသည်။ ရှောင်းယန်လည်း စိတ်အခြေအနေမကောင်း။နှစ်ယောက်လုံး ထမင်းကိုပဲ တိတ်တဆိတ်စားနေကြသည်။
နေ့လည်ခင်းတွင်တော့ နှစ်ယောက်သား စာသင်ရသည်။
"ရှောင်းယန်...မနက်ဖြန်ဆို မင်းဖေဖေနဲ့တွေ့ရတော့မှာနော်။ အခုလိုမျိုးလုပ်လို့မရဘူး။ သိလား"
အားကျောင်းက ဆိုလိုက်သည်။ရှောင်းယန်ကတော့ အသက်မပါသည့် မျက်နှာပေးနှင့်။ သူမပြောတာကိုကြားတော့ သူမကိုကြည့်ကာ
"oh...တီချယ်က သူတို့ကိုတွေ့ရလို့ ကျွန်တော်ပျော်နေသင့်တယ်လို့ ဆိုလိုချင်တာလား?"
ŞİMDİ OKUDUĞUN
ဇာတ္လိုက္ကိုကယ္တင္ပါ
Romantizmနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...