အားကျောင်းက ဇာတ်လိုက်ကိုပြုံး၍ပြောလိုက်သည်။
"တို့ကိုချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်။ တို့ကိုယ်တို့လည်း လှတာသိပါတယ်။ရှောင်းယန် : “......”
သူ အားကျောင်း၏မျက်နှာကို လှမ်းကြည့်လိုက်၏။
အရင်က သူထင်ခဲ့သည်များကိုသံသယဖြစ်စပြုလာသည်။ခံစားချက်အကုန်လုံးမျက်နှာမှာပေါ်တဲ့ဒီမိန်းမက ကျောင်းလီနဲ့ပေါင်းပြီး သူ့ကိုမကောင်းကြံတာဖြစ်နိုင်ရဲ့လား?'
ဒါမှမဟုတ် သူ့ကိုဒီပုံစံဖမ်းပြီး အယုံသွင်းဖို့ကြိုးစားနေတာလား?
ရှောင်းယန်ကတော့ သူ့ကိုအယုံသွင်းနေသည်ဟု သာယုံလိုက်ချင်သည်။
အကယ်၍ သူမသာတကယ်လိမ်နေတာဆိုလျှင်....
လှိုက်လှိုက်လှဲလှဲပြုံးနေသောအားကျောင်း၏မျက်နှာကိုသူကြည့်ရင်းနှလုံးသားထဲ၌အေးစက်စက်ခံစားလိုက်ရသည်။ဒီလိုမျက်နှာ ဒီလိုသရုပ်ဆောင်ကောင်းပုံမျိုးနဲ့ဆိုရင် မင်းသမီးလုပ်စားလို့်ကတော့ထိပ်ကိုရောက်မှာပဲ။ ဘာကိစ္စ ငါ့လာနှောက်ယှက်နေရတာလဲ?
အားကျောင်းကတော့ ဇာတ်လိုက်၏အတွေးများပြောင်းပြန်တွေလန်နေသည့်အကြောင်းကို ဘာမှမသိရှာပေ။
သူမအတွေးကတော့ရိုးစင်းလှသည်။ သူမကိုယ်သူမလှသည်ထင်၍ ဇာတ်လိုက်၏စကားကိုထောက်ခံလိုက်ရုံသာ။
စိတ်ကြီးဝင်တာဘာညာ သူမဘာမှမသိ။
ဇာတ်လိုက်နှင့်လွယ်လင့်တကူနီးစပ်ခွင့်ရသည့်အတွက် သူမmission အောင်မြင်ရန်နီးစပ်နေပြီဟု တွေး၍ ပျော်နေတော့သည်။
သူမ၏ အူမြူးသွားသောရလာဘ်အနေဖြင့် စိတ်တွေတက်ကြွသွားကာ ရှောင်းယန်ကို တစ်နာရီလာက်ခေါ်၍ ပတ်ပြေးလိုက်ကြလေသည်။
ရှောင်းယန်အတွက်ကတော့ ယခုလိုပတ်ပြေးနေရသည်မှာ အလွန်ဆိုးရွားသောဖြစ်ရပ်ကြီးဖြစ်သည်။
YOU ARE READING
ဇာတ်လိုက်ကိုကယ်တင်ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...