ရှောင်းယန်အဖေနှင့် ကျောင်းလီ၏ တုံ့ပြန်မှုက တစ်ပုံစံတည်း။
ရှောင်းယန်ကို သူမြင်မြင်ချင်း မအံ့သြဟုပြောလျှင် လိမ်ရာကျလိမ့်မည်။
တကယ်ဆို ရှောင်းယန်က သူစွန့်ပစ်ခဲ့တဲ့ သားပဲလေ။
တခြားနည်းနှင့်ပြောရလျှင် ရှောင်းယန်အတွက် ဒီအိမ်မှာ တစ်ယောက်တည်းနေပြီး တစ်ယောက်တည်းသေဖို့တော့ မဖြစ်နိုင်
ဒီနေ့ ဒီကိုလာတော့တောင် ကျောင်းလီက သူ့အတွက် အတော်လေးအဆင်ပြေသည့်ဆရာမတစ်ယောက်ရှာတွေ့ထားကြောင်းပြောခဲ့သည်။ ရှောင်းယန်ကိုအတော်လေးပြောင်းလဲထားသည်တဲ့။
သို့သော် ရှောင်းယန်အဖေကမူ သိပ်မျှော်လင့်မထား။ ဘယ်လောက်တောင်ပြောင်းလဲနေမှာမို့လို့လဲ?မျက်နှာမပျက်ရရင်တောင် အတော်အဆင်ပြေနေပြီ။
သို့သော် အခုတော့ သူ့ရှေ့တွင်ရပ်နေသည့် ကောင်လေးမှာမူ ချောမောခံ့ညားကာ ရှင်းသန့်နေသည့်ပုံစံနှင့်။ ထို့အပြင် မိတ်ကပ်ဖို့စရာမလိုအောင်က ကြည့်ကောင်းသေးသည်။
သူ့အတွက် တစ်ဖက်ကလည်း မယုံကြည်နိုင်သလို ကျန်တစ်ဖက်မှာလည်း ဂုဏ်ယူစိတ်လေးက ရုန်းကြွလာသေးသည်။
ဒါ သူ့သွေးသား....ရှောင်းယန်ဤသို့ပြောင်းလဲလာသည်မှာ ဂိုက်ဆရာမကြောင့်မဟုတ်။ သူ့မျိုးရိုးဗီဇတွေ အရမ်းကောင်းနေလို့ဆိုတာ သိသာသည်။
(Me : အိုင်းးးးးမေဘေးးးးး)ထို့နောက် ရှောင်းယန်ဘေးတွင်ရပ်နေသော မိန်းကလေးကို သူဆက်ကြည့်လိုက်သည်။ နှစ်ယောက်သားက လက်ချင်းယှက်ထားကြ၏။
"သူကဘယ်သူလဲ"
ရှောင်းယန်အဖြေကိုတောင်မစောင့်ပဲ တိုက်ရိုက်ကြီးမေးချလိုက်သည်။ရှောင်းယန်နှင့် အားကျောင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ထို့နောက် အားကျောင်းက
"မစ္စတာရှောင်း...ကျွန်မက ရှောင်းယန်ရဲ့ မိသားစု....""ငါက ရှောင်းယန်ကိုမေးနေတာ"
ရှောင်းယန်ဖခင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အားကျောင်းကိုအဖက်မလုပ်။
"ငါက ငါ့သားကိုမေးနေတာ။တခြားလူတွေ၀င်ဖြေစရာလိုလို့လား?"
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...