သခင်လေးသည် သွေးအေးသည် - ၂၂

4.7K 761 20
                                    

"တီချယ်? တီချယ်?"
အားကျောင်း အိပ်နေရင်း သူမ၏ နာမည်ခေါ်သံကိုကြားလိုက်ရသည်။
အသံက ဗလုံးပထွေးနှင့် အိပ်တာကို အနှောက်အယှက်ဖြစ်လွန်းသည်။

သူမ စိတ်မရှည်တော့ပဲ ထိုလူကိုမောင်းထုတ်ရန် လက်ကိုယမ်းချလိုက်သည်။

"ဖြန်း!!"

အသားကိုထိသွားသည့် အသံက အခန်းထဲတွင် ပဲ့ထင်ထပ်၍ သွား၏။

ရှောင်းယန် သူ့လက်ပေါ်က ရဲနေသည့်အရာကို ကြည့်ရင်း  သက်ပြင်းချလိုက်သည်။

နေမကောင်းနေတဲ့သူတွေက အတော်လေး ကြမ်းတမ်းတာပဲလား???

သူလက်ထဲက ဆေးကိုငုံ့ကြည့်လိုက်သည်။ ဒီပုံစံနဲ့ ဆေးကို ဘယ်လို၀င်အောင်တိုက်ရပါ့။

အခြေအနေကဒီလိုဆိုတာနဲ့ စာရေးဆရာမ က ဇာတ်လိုက်ကို အားကျောင်းနဲ့ပါးစပ်ချင်းတေ့ပြီး ဆေးတိုက်ခိုင်းမယ်ထင်ပါသလား။

ထင်နေမယ်ဆိုရင်တော့ သင် သိပ်တုံးလွန်းသွားပါပြီ။

ရှောင်းယန်က အိပ်ယာမှထကာ ရေချိုးခန်းထဲသို့၀င်သွားသည်။ သိပ်မကြာခင်မှာပင် ရေစို၀တ်တစ်ခုကို ယူလာ၏။

ထို့နောက် ထိုရေစို၀တ်ကို အားကျောင်း၏ လည်ပင်းပေါ်သို့ ပစ်ချကာ ပတ်ပေးလိုက်သည်။

အား​ကျောင်း အအေးဓာတ်ကြောင့် တုန်ယင်လာ၏။သူမတစ်ကိုယ်လုံးလည်းအအေးဓာတ်ကြောင့် ကြက်သီးတွေထလာကာ မျက်ရည်၀ဲသည့််မျက်လုံးများနှင့် ရှောင်းယန်ကို ကြည့်လိုက်သည်။

အဖျားကြောင့် မျက်လုံးများ နီရဲနေသည်မှာ ငိုထားသည့်အတိုင်းပင်။ ရှောင်းယန်ကို ထိုမျက်၀န်းများဖြင့်ကြည့်နေသည်မှာ သနားစဖွယ်။

ရှောင်းယန် ​ေချာင်းတစ်ချက်ဟန့်လိုက်ကာ သူ့တီချယ်ကို ခေါ်လိုက်သည်။

အားကျောင်းက လေးကန်စွာပြန်ထူးသည်။

အားကျောင်း၏ ထိုပုံစံကိုကြည့်ရင်း ရှောင်းယန်ရင်ထဲတွင် ရှားရှားပါးပါး သနားလာရသည်။

သူ အ၀တ်ကိုကောက်ကိုင်လိုက်ပြီး မျက်နှာထားတည်တည်ဖြင့်ရှင်းပြ၏။
"တီချယ် ချွေးထွက်နေလို့လေ။ အဲ့ဒါသုတ်ပေးမလို့။ လက်ကကိုင်ထားတာ မငြိမ်တာနဲ့ လွှတ်ချမိသွားတာ။

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now