သခင်လေးသည် သွေးအေးသည် - ၁၆ (အပိုင်းသစ်)

6.6K 938 31
                                    

သူကုတ်အင်္ကျီကိုချွတ်ပစ်လိုက်ပြီး ဘေးသို့ပစ်ချလိုက်သည်။ အန်တီကျန်း၏ အသားနှင့်ထိမိထားသည့်လက်အစုံမှာမူကား အဆမတန်တိုက်ဆေးထားမှုကြောင့် နီမြန်း၍ပင်နေတော့သည်။

အရင်လိုပဲ တခြားလူတွေရဲ့ အသားနဲ့ထိတာကို မခံနိုင်တုန်းပါပဲလား။

ရှောင်းယန် ရေခဲရေအနည်းငယ်ကိုလက်ပေါ်သို့လောင်းချလိုက်သည်။ စိတ်ထဲတွင်တော့ ထိတွေ့ခဲ့ဖူးသည့် အားကျောင်း၏ လက်ဖ၀ါးနုနုကို သတိရမိသွား၏။

နူးညံ့ကာနွေးအိနေသော လက်ကလေး။ သူ့စိတ်ထဲတွင် မသတီမှု စိုးစဥ္းမျှပင်မခံစားရပေ။

သူ ခေါင်းကိုမော့ကာ မှန်ထဲသို့ကြည့်လိုက်သည်။

မှန်ပေါ်တွင်ထပ်ဟပ်နေသည်က ချောမောသောမျက်နှာနှင့် ဖြူဖျော့ဖျော့ အမျိုးသားငယ်တစ်ဦး။

မိန်းမအများစုက ဤသို့သောမျက်နှာနှင့်ကောင်လေးများကိုသဘောကျမှန်း သူသိထားသည်။

ရှုကျောင်း၏ပုံစံနှင့်သာဆိုလျှင် သူမလည်း သူ့ဆွဲဆောင်မှုကိုခံနိုင်မည်မဟုတ်ပေ။

သူ့နှုတ်ခမ်းပါးတို့ အပေါ်သို့ကွေးညွတ်သွားသည်။

"ကျွန်တော့်အပေါ်ကောင်းကောင်းဆက်ဆံမှဖြစ်မယ် တီချယ်ရှု"
ရှောင်းယန် တိုးတိတ်စွာ ရေရွတ်လိုက်သည်။

ခင်ဗျားက ကျွန်တော့်ကိုအရင်လာထိတာဆိုတော့လည်း....

ထိုစဥ္တံခါးခေါက်သံတစ်ချက်ထွက်ပေါ်လာသည်။

အားကျောင်းမှာ ရေချိုးခန်းရှေ့တွင်ရပ်ကာ စိတ်ပူနေမိသည်။ ဒီကောင်လေး၀င်သွားတာ ကြာနေပြီမလား။

ခဏကြာတော့ တံခါးပွင့်လာ၏။

ရှောင်းယန်က အားနာဟန်ဖြင့် သူမရှေ့တွင်လာရပ်သည်။

"ဘာဖြစ်လို့လဲ"

ရှောင်းယန်က အနည်းငယ်ရှက်နေဟန်ဖြင့်
"ကျွန်တော် မတော်တဆ ချော်လဲသွားတာ။အဲ့ဒါ ကုတ်အင်္ကျီကြီးညစ်ပတ်ကုန်ပြီ"

အားကျောင်းရုတ်တရက်စိတ်ပူသွားသည်။
"မင်းဘာဖြစ်သွားသေးလဲ။ နာသွားသေးလား။ ဘာမှထိခိုက်မိတာ မရှိပါဘူးနော်"

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now