ရှောင်းယန် အံကိုကြိတ်ထားမိသည်။ စိတ်ရှိတိုင်းသာဆို သူ့ရှေ့ကအမျိုးသမီးကို နောက်တစ်ကြိမ်ထပ်ရွေးလို့ကို ပြောပစ်လိုက်ချင်သည်။
သို့သော် သူ့ကိုယ်သူ ထိန်းလိုက်၏။
ထို့နောက် နားလည်မှုရှိသည့် အကြည့်လေးနှင့်
"ကစားပါတယ်ဆို နှစ်ယောက်ကစားမှ စိတ်၀င်စားစရာကောင်းမှာပေါ့တီချယ်ရဲ့။ တီချယ်ဆော့ချင်မှတော့ ကျွန်တော်က အဖော်လုပ်ပေးရမယ်လေ"လူများလွန်းသော ကစားကွင်းထဲ သူ့ဆရာမတစ်ယောက်တည်းလျှောက်သွားမှာကိုလည်း သူ စိတ်မချပါ။
အားကျောင်း၏ ဆွဲဆောင်မှုကြောင့် လူတိုင်းက သူမကို ဝိုင်းကြည့်ကြပေလိမ့်မည်။
သို့သော်အားကျောင်းကိုလည်းတားမရ။
ထို့ကြောင့်နှစ်ယောက်လုံးသွားရန်ဆုံးဖြတ်လိုက်ကြသည်။
"တီချယ် ကျွန်တော့်ကိုစောင့်နော်။ ကျွန်တော်အဝတ်အစားသွားလဲမလို့"ရှောင်းယန်၀တ်ထားသည့် အင်္ကျီများကလည်း အပြင်သွားရန်အဆင်မပြေသည်မို့ သူမခေါင်းငြိမ့်ကာ ခွင့်ပြုလိုက်တော့သည်။
သို့သော် ရှောင်းယန်ပြန်ထွက်လာတော့ ၀တ်စုံက သူမနှင့်ရင်းနှှီးနေသည်ဟုခံစားလိုက်ရသည်။
သေချာတွေးကြည့်မှ သူမ၀တ်စုံနဲ့တူနေတာမလား?
ရှောင်းယန်က သူမကိုပြုံးကြည့်ကာပြော၏။
"ကျွန်တော် တီချယ်နဲ့ အင်္ကျီဆင်တူ၀တ်လာတာလေ။ အခုတီချယ်နဲ့ ပိုတူသွားပြီ"အားကျောင်းကတော့ ရှောင်းယန်ပျော်ပြီးရောမို့ ဘာမှသိပ်ထွေထွေထူးထူးစဉ္းစားမနေပါ။
Systemကတော့ ပေါက်သွားပြီ။ သို့သော် သူသိသည့် အကြောင်းကိုတော့ အားကျောင်းကိုပြောမပြဖို့သာ ဆုံးဖြတ်လိုက်သည်။
စုံတွဲအင်္ကျီသေချာ၀တ်တာ....
သူတို့ ကစားကွင်းရောက်တော့ အားကျောင်းက အငြိမ်မနေ။
မုန့်ဆိုင်တစ်ခုကိုသွားကာ အာတာပူစီကြီးနှစ်ခုကို ၀ယ်လာသေးသည်။
ဒီနေ့မှ ကစားကွင်းတွင် အာတာပူစီအလကားပေးနေသလိုထင်ရသည်။ လူတိုင်းလက်ထဲတွင် အာတာပူစီကိုယ်စီနှင့်။
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...