အားကျောင်း၏ noteစာအုပ်လေးမှာတဖြည်းဖြည်းနှင့်စာကြောင်းများပြည့်နှက်လာသည်။ထို့နောက်သူမသန်းဝေလိုက်မိသည်။
System က အချိန်ကိုကြည့်ကာ အသံသေးသေးလေးဖြင့် သတိပေး၏။
"အခုဆယ်နာရီရှိနေပြီနော်။ Host အနားယူဖို့အချိန်ရောက်ပြီ"အားကျောင်းလည်းခေါင်းငြိမ့်ကာ သူမ၏စာအုပ်လေးကို စားပွဲဘေးတွင်တင်လိုက်သည်။
"ဂွတ်နိုက်...အာတာပူစီလုံး ရေ..."
ဤသည်မှာ အားကျောင်းက Systemကိုပေးထားသောနာမည်ပြောင်ဖြစ်သည်။
(Grace: ဒီ novelရဲ့ထူးခြားချက်က systemနဲ့ hostရဲ့ interaction အရမ်းကောင်းတာပဲ)System ကလည်း သူ့နာမည်ပြောင်ကိုအတော်လေးသဘောကျလေသည်။
" ဂုည....Host"မီးပိတ်ပြီးသည့်နောက်တွင်အားကျောင်းလည်းအိပ်မောကျသွားလေသည်။
သူမနိုးလာတော့ ခြောက်နာရီပင်ထိုးနေပြီ။
အားကျောင်း ဒီမနက်တော့ပြဿနာမရှိပဲ သူ့အလိုအလျောက်နိုးလာခဲ့ခြင်းဖြစ်သည်။
သူမ မျက်နှာသစ် သွားတိုက် အမြန်လုပ်ကာ သူမဘေးအခန်းသို့တံခါးသွားခေါက်လိုက်သည်။
မမျှော်လင့်စွာပင် ဘာတုံ့ပြန်မှုမှရောက်မလာ။
"ရှောင်းယန်...မင်း နိုးနေပြီလား?'
အားကျောင်းက တံခါးကိုထပ်ခေါက်ရင်းမေးလိုက်သည်။ချောက်...
တံခါးပွင့်လာလေသည်။
ရှောင်းယန်၏သပ်သပ်ရပ်ရပ်ဝတ်စားထားသောပုံရိပ်က တံခါးရှေ့သို့ရောက်လာသည်။
ကြည့်ရသည်မှ နိုးနေတာကြာပြီထင်။
အားကျောင်းအနည်းငယ်အံ့သြသွားသည်။
"မင်း အိပ်ယာအစောကြီးထတာလား"သူမ infoတစ်ချက်စစ်ကြည့်လိုက်သည်။ပုံမှန်ဆို ဆယ်ကျော်သက် လေးတွေက အိပ်ယာကိုအတော်လေးနောက်ကျမှထတာပါ။
ESTÁS LEYENDO
ဇာတ်လိုက်ကိုကယ်တင်ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...