အားကျောင်းက တံခါးရှေ့တွင်ရပ်ကာ အော်နေပြီး
ပုံစံကလက်လျော့မည့်ဟန်မရှိတာကြောင့် သူရွေးချယ်စရာမရှိပဲ တံခါးဖွင့်လိုက်ရသည်။အားကျောင်းက သူ့ကိုကြည့်လိုက်၏။နှုတ်ခမ်းများကတင်းတင်းစေ့ကာ မျက်နှာကသဘောမကျသည့်ဟန်။
သေချာပေါက် သူတို့စတွေ့စဉ်ကလည်းဤကဲ့သို့ သူမကိုကြည့်ခဲ့သေးသည်။
ရှောင်းယန်က သူ့လက်ထဲကထမင်းစားပွဲကိုကြမ်းပြင်ပေါ်သို့ချလိုက်၏။
အားကျောင်းကိုကြည့်ရင်း သူ့နှုတ်ခမ်းမှ စကားသံတစ်လုံးချင်းထွက်ကျလာသည်။
"ကျွန်တော် သွားကိုညတိုင်းတိုက်တယ်"အားကျောင်းခဏတော့ကြောင်သွားသည်။ထို့နောက် သူမက ခေါင်းကိုငြိမ့်ကာချီးမွမ်းလိုက်၏။
"ရှောင်းယန်ကတော်လိုက်တာ"ရှောင်းယန်: “ ……”
သူကတော့ မျက်နှာသေဖြင့်ပြန်ပြောသည်။
"ကျွန်တော်အိပ်တော့မယ်"အားကျောင်းက တံခါးကိုအမြန်ဆွဲထားရင်းမေးသည်။
"စားပြီးတာနဲ့ချက်ချင်းတန်းအိပ်တော့မှာလား?"ရှောင်းယန်က တံခါးကိုဆွဲထားသည့်သူမ၏လက်များကို တိတ်တဆိတ်ကြည့်လိုက်သည်။
ရှောင်းယန်ကြည့်နေသည့်နေရာသို့ အားကျောင်းလိုက်ကြည့်လိုက်မိပြီးမှ လက်ကိုလွှတ်လိုက်သည်။
"စားပြီးပြီးချင်းအိပ်တာ ကျန်းမာရေးအတွက်မကောင်းဘူး။မင်း အစာအိမ်ကနေလို့ကောင်းမှာမဟုတ်တော့ဘူး။တဖြည်းဖြည်းနဲ့ဝလာပြီး ဝက်ဖြစ်...."သူမခေါင်းထဲပေါ်လာသမျှဥပမာအကုန်ပေးလိုက်ပြီးနောက် နိဂုံးချုပ်လိုက်သည်။
"ရှောင်းယန်....ငါတို့လမ်းသွားလျောက်ကြမလား"
ရှောင်းယန်ကအစပိုင်းတွင်ငြင်းရန်ဟန်ပြင်လိုက်သော်လည်း စိတ်ကိုပြောင်းလိုက်သည်။
YOU ARE READING
ဇာတ်လိုက်ကိုကယ်တင်ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...