အားကျောင်းဘာမှမပြောမိ။
အဘယ်ကြောင့်ဆိုသော် တစ်ခုခုက အမြဲမှားနေတယ်လို့ သူမထင်နေမိသောကြောင့်ပင်။
သို့သေည်လည်း ဘာမှမှားနေလဲဆိုတာ အတိအကျကိုတော့သူမ မပြောတတ်။ ရလာဒ်အနေနှင့် systemကိုသာ အကူအညီတောင်းရတော့သည်။
"စစ်စတန်ရေ... ငါနဲ့ရှောင်းယန် ဒီလိုအတွဲညီနေတာ ပုံမှန်ပဲမလားဟင်?"
systemက ပြန်မေး၏။
"hostကရော ရှောင်းယန်နဲ့ ဒီလိုအဆင်ပြေနေတာ မပျော်ဘူးလား?"
ထိုကိစ္စကို အားကျောင်းသေချာစဥ္းစားကြည့်မိသည်။ သူမ ဘာမှမပြောတတ်သော်ညား သူမတို့နှစ်ယောက်လုံး တစ်ဦးစီ၏ဖြစ်တည်မှုအပေါ် သက်တောင့်သက်သာရှိကြတာကတော့ ကျိန်းသေသည်။ထို့ကြောင့် သူမခေါင်းငြိမ့်ပြလိုက်၏။
"အဆင်ပြေပါတယ်"သူမဖြေတာကိုကြည့်ရင်း systemက နိဂုံးချုပ်ပေး၏။"hostလည်း ဇာတ်လိုက်က hostနဲ့အတူရှိရင်ပျော်တာကို မြင်နေရတာပဲ။ ဘယ်မှာမူမမှန်တာရှိလို့လဲ?"
systemပြောတာမမှားဟု သူမခံစားမိလိုက်သည်။
ထိုအချိန်မှာပင် ရှောင်းယန်ကပြောလာ၏။
"တီချယ်က ကျွန်တော့်အပေါ်အရမ်းကောင်းတာပဲ။ ကျွန်တော်တီချယ့်အတွက်လုပ်ပေးသမျှက ကျွန်တော်လုပ်ပေးသင့်တဲ့အရာတွေလိုပဲထင်တယ်"
"တီချယ်က ကျွန်တော့်ကိုသဘောမကျတာတော့ မဟုတ်ဘူးမလားဟင်? တီချယ်နဲ့အတူတူ မပျော်စေချင်ဘူးလားဟင်?
အားကျောင်းက ချက်ချင်းပင်ငြင်းရှာသည်။
" မဟုတ်ပါဘူး။ မင်းအဆင်ပြေဖို့ပဲမျှော်လင့်တာပါ။ရှောင်းယန်က ပြန်ဖြေ၏။
"ကျွန်တော်လည်း တူတူပါပဲ"ထိုခဏမှာပင် အားကျောင်းနားလည်သွားမိသည်။
သူမကရှောင်းယန်လက်မောင်းကိုပုတ်လိုက်ရင်း
"ကောင်းတယ်။ တီချယ်နားလည်ပါပြီ""ဒါနဲ့ တို့ကိုလွှတ်ဦးလေ။ အသက်ရှူလို့မရတော့ဘူး"
ရှောင်းယန်က နာခံစွာပင်လွှတ်ပေးလိုက်သည်။
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...