အားကျောင်းကအရှေ့ကသွားကာ ရှောင်းယန်ကအနောက်ကလိုက်ရင်းနှစ်ယောက်လုံး ဗီလာထဲမှထွက်လာခဲ့သည်။
ဆည်းဆာချိန်မို့ ပတ်ဝန်းကျင်သည်အရမ်းမမှောင်သေးပေ။
အနောက်ဖက်သို့ယွန်းနေသည့် နေမင်း၏လက်ကျန် လိမ္မော်ရောင်အလင်းတန်းများက ကောင်းကင်အားသိမ်းပိုက်ထားကာ နူးညံ့စွာလှပနေကြသည်။အိမ်ရာများဖြစ်သည်မို့ ပတ်ဝန်းကျင်ကိုသေချာပြုပြင်ထားသဖြင့် ကြည့်ရသည်မှာမျက်စိပသာဒရှိလှသည်။
အားကျောင်းက အသက်ကိုဝဝရှူလိုက်ကာ ရှောင်းယန်ကိုအပြုံးလေးဖြင့်လှမ်းကြည့်လိုက်သည်။
"ဘယ်လိုလဲ ရှောင်းယန်...အပြင်ထွက်ပြီးလမ်းလျောက်ရတာမကောင်းဘူးလား?"ရှောင်းယန်ကထုံးစံအတိုင်းဘာမှမပြော။
ကျောင်းလီဆိုသောမိန်းမ သူ့ကို ယုံကြည်စေရန်အလို့ငှါ သူမအလိုရှိသည့်အတိုင်း သူ နေပေးရမည်။ထို့ကြောင့် သူဘာမှမသိချင်ယောင်ဆောင်ရမည်။ဘယ်သူကမှလည်း အရူးတစ်ယောက်ကိုဒီလောက်ဂရုစိုက်မည်မဟုတ်။
သူ ဖာသိဖာသာနေတာတောင် ထိုမိန်းမက လက်လျော့ရန်ငြင်းဆန်နေသေးသည်။ သူ့ကိုဆန့်ကျင်မည့်နောက်မိန်းမတစ်ယောက်တောင်ပိာ့လိုက်သေး၏။
သူ ခေါင်းကိုမော့ကာ အားကျောင်းကိုကြည့်လိုက်သည်။
သူမက အတော်လေးလှသည်။ ပြုံးနေတတ်သောမျက်နှာထားလေးနှင့် နွေးထွေးတတ်သောအမူအကျင့်တို့ကြောင့် သူတစ်ပါး၏မျက်နှာသာပေးမှုကိုအလွယ်တကူရရှိနိုင်သည်။
သို့သော် ထိုမျက်နှာလှလှလေးသည်ထောင်ချောက်တစ်ခု မှန်းသိခဲ့မိလျှင်တော့ အတော်လေးနှမျောဖို့ကောင်းပေလိမ့်မည်။
သူမပြုံးနေစဉ်အတွင်း သူမဘာတွေတွေးနေလိမ့်မလဲဆိုတာကိုသူသိချင်မိသည်။
CZYTASZ
ဇာတ်လိုက်ကိုကယ်တင်ပါ
Romansနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...