သခင်လေးသည် သွေးအေးသည် - ၂၅

5K 779 6
                                    

ရှောင်းယန်လန့်သွားသည်။

ထိုခဏတွင် သူ၏ တကယ့်ပုံစံကိုပြ၍ အားကျောင်းကိုမေးလိုက်ချင်သည်။
မင်းလိုချင်တာ ဘာလဲ....

သို့သော် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။

"တီချယ်က ဘာကိုဆိုလိုချင်တာလဲ?"
ထိတ်လန့်စရာတစ်စုံတစ်ခုကို ကြားလိုက်ရသလိုပုံစံဖမ်းကာ မျက်လုံးပြူး၍ အားကျောင်းကိုမေးလိုက်သည်။

အားကျောင်းကတော့ အေးဆေးစွာပင်ပြန်ဖြေ၏။
"ငါပြောချင်တာကို စကားထဲမှာ ထည့်ပြောလိုက်ပြီထင်တယ်။ မင်းဘယ်လိုဖြေမလဲ"

ရှောင်းယန် ငြိမ်သွားသည်။

အားကျောင်းက သက်ပြင်းတစ်ချက်ချကာ သူ့ဆီသို့​ေလျာက်လာပြီး ပုခုံးလေးကိုပုတါပေးသည်။

"မင်းအရမ်း ဒေါသထွက်နေတာကို တီချယ်သိပါတယ်။ ဒါပေမယ့် မင်းကိုဒီနေရာပို့ပစ်ပြီးကတည်းက မင်းအကြောင်းတွေသူမကြားရတော့တာ ခြောက်နှစ်ရှိသွားပြီ။ မင်းနဲ့မင်းအဖေရဲ့ ဆက်ဆံရေးက တကယ်ဆို ဘာမှကိုမကျန်ခဲ့တော့ဘူး။

ရှောင်းယန်က သူမကို ကြည့်မြဲကြည့်နေဆဲ။
"ဒါပေမယ့် သူတို့ရှေ့မှာ လိမ်ညာဟန်ဆောင်ပြီး ဆက်ဆံပြရတာကမှ ကျွန်တော့်ကိုယ်ကျွန်တော် ကြောက်စရာပိုကောင်းတယ်လို့ခံစားနေရတာကို တီချယ်မသိဘူးလား?"

"ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်နိုင်မှာလဲ?"
အားကျောင်းက အံ့သြတကြီးပြန်ပြော၏။

"အချင်းချင်းပဲ အပြန်အလှန်ဆက်ဆံရမှာပေါ့"

"ခွေးလိုဆက်ဆံတဲ့သူကို ဘုရားလိုကိုးကွယ်ထားရဦးမှာလား?"

" ရန်ကိုရန်ချင်းမတုံ့ပြန်ရဘူး။ မကောင်းတာကို ကောင်းတာနဲ့ပဲတုံ့ပြန်သင့်တာပေါ့။"

"ပြီးတော့........"
အားကျောင်းက ရှောင်းယန်ကို သေချာကြည့်လိုက်သည်။
"မင်းအဖေနဲ့ မင်းမိထွေးက မင်းအပေါ်ရက်စက်လွန်းတယ်"

သူမ၏ လေသံထဲတွင် စိတ်ပျက်မှုနှင့် မနှစ်မြို့မှုက အထင်းသား။
"သူတို့ဘာတွေလုပ်နေကြတယ်လို့ မင်းထင်လဲ?"

ဇာတ်​လိုက်​ကိုကယ်​တင်​ပါWhere stories live. Discover now