သူပြောလိုက်သည့်စကားကြောင့်ပျော်သွားသည့် အားကျောင်း၏မျက်နှာကို ရှောင်းယန်ကြည့်လိုက်သည်။ စိတ်ထဲတွင်တော့ ထိုအမူအရာကို ရှုံ့ချနေမိသော်လည်း အပြင်ဖက်တွင်တော့ သူမသွားသည့်နောက်ကိုသာလိုက်လာခဲ့လိုက်သည်။
ညနေခင်း၏လေပြေအချို့က ညင်ညင်သာသာလေးတိုက်ခတ်နေ၏။
အားကျောင်းက ရှပ်အင်္ကျီအပါးလေးတစ်ထည်တည်းကိုသာဝတ်ထားသဖြင့် မသိလိုက်ပဲ ကိုယ်ကိုကျုံ့ကာ ညည်းတွားလိုက်မိသည်။
"အေးလိုက်တာ"ပြီးမှ သူ့ဘေးက ရှောင်းယန်ကိုသတိရပြီး ထပ်မေးလိုက်သည်။
"ရှောင်းယန်....မင်းအေးလား...မအေးဘူးမလား?"ရှောင်းယန်က ခေါင်းခါပြ၏။
အားကျောင်းက သူ့လက်မောင်းကိုကိုင်လိုက်ကာ သူဝတ်ထားသော ဂျက်ကတ်ကိုကြည့်ရင်းခပ်တွေတွေလေးဆိုလိုက်၏။
"မင်းက တကယ်ဥာဏ်ကောင်းတယ်။အပြင်ထွက်ရင် အင်္ကျီဝတ်လာရမှာကိုသိတယ်။"ရှောင်းယန်နှာခေါင်းရှုံ့လိုက်သည်။ ဒီမိန်းမက ဇာတိပြလာပြီလား...
ခြေလှမ်းအသစ်တောင်စနေပြီပဲ။ ငါ့နားကိုကပ်နေပြီ။
သူ အားကျောင်းကို သေချာကြည့်လိုက်ရင်း ဖြေလိုက်သည်။
"တီချယ်အရမ်းအေးနေရင် ကျွန်တေယ့်အင်္ကျီကိုဝတ်ထားမလား"ရှောင်းယန်တွေးလိုက်သည်က ဒီမိန်းမ အခွင့်အရေးကိုသေချာပေါက်လက်လွှတ်လိမ့်မည်မဟုတ်ဟူ၍။
သေချာပေါက်အခွင့်အရေးကိုအမိအရဆုပ်ကိုင်လိမ့်မည်။
သို့သော် အားကျောင်း သည် ရှုကျောင်းမဟုတ်ပေ။
အားကျောင်းက ထိုစကားကိုကြားသည်နှင့် ချက်ချင်းကိုငြင်းပစ်သည်။
"မင်း ဘာတွေပြောနေတာလဲ?မင်းကနေကောင်းတာလည်းမဟုတ်ပဲနဲ့ လေစိမ်းအတိုက်ခံချင်နေတာလား?ကိုယ့်အင်္ကျီကိုယ်ဝတ်ပြီး ဇစ်ပါဆွဲထား"
YOU ARE READING
ဇာတ်လိုက်ကိုကယ်တင်ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...