ရှောင်းယန်ခေါင်းကိုမော့၍ အားကျောင်းကိုကြည့်လိုက်သည်။
"သန်မာရမယ်?"
ထိုစကားကို သူရေရွတ်လိုက်သည်။အားကျောင်းက သူ့ကိုခေါင်းငြိမ့်ပြ၏။
ရှောင်းယန် ခေါင်းကိုပြန်၍သာငုံ့ချလိုက်သည်။သူ၏ ကော့ညွတ်နေသောမျက်တောင်ရှည်တို့်က မျက်နှာနုနုလေးကိုပို၍ ပနံတင့်သွားစေသည်။
သူ ခပ်ကြိတ်ကြိတ် ရီလိုက်၏။
"ဘယ်လိုလုပ်ပြီးများ သန်မာအောင်လုပ်ရမလဲ? တီချယ်မြင်တဲ့အတိုင်းပဲ အမေကစောစောစီးစီးသေသွားပြီ။အဖေကလည်းမုန်းနေတယ်။ကျွန်တော်ဘာမှမလုပ်နိုင်ဘူး။လုပ်နိုင်မှာလည်းမဟုတ်ဘူး။ပြီးတော့ ကျွန်တော်ကချစ်ဖို့လည်းမကောင်းဘူး။""ကျွန်တော့်ရဲ့ ဖအေတူမအေကွဲ ညီကိုတော့ လူတိုင်းကချီးကျူးကြတယ်။"
"အမှိုက်သာသာ ဘဝပဲဟာ...ဘယ်လိုလုပ် သန်မာနိုင်မလဲ"
အားကျောင်း မျက်လုံးပြူးသွားသည်။ ယောကျာ်းလေးဖြစ်ပြီး ဘာလို့အဲ့လောက်ညည်းနိုင်ရတာလဲ?
သူမ ပျာပျာသလဲ ငြင်းလိုက်သည်။
"မဟုတ်ပါဘူး။မင်းက...."မင်းက ဒီလောကရဲ့ဇာတ်လိုက်ဖြစ်ပြီး ထိပ်ဆုံးရောက်တဲ့အထိသန်မာလာဖို့ရည်ရွယ်တဲ့ ဇာတ်ကောင်ဆိုပြီး သူမပြောပြလိုက်ချင်မိသည်။
သို့သော် သူမပြော၍မရပေ။ သူမပြောနိုင်သည်က
"မင်းက ရှောင်းယန်လေ"ရှောင်သယန်က ဘာမှပြန်မပြော။
အားကျောင်းမှာ နှစ်သိမ့် သည့်နေရာတွငိကျွမ်းကျွမ်းကျင်ကျင်မရှိသောကြောင့် ဘာပြောလို့ပြောရမယ်မှန်းမသိပေ။
" ဘယ်သူကမှမွေးကတည်းကထွန်းပေါက်လာတာမဟုတ်သလို ဘယ်သူကမှလည်းမွေးကတည်းက ညံ့မလာဘူး။ရှောင်းယန် မင်း ကိုယ်မင်းယုံကြည်ချက်ရှိဖို့်ပဲလိုတယ်"
YOU ARE READING
ဇာတ်လိုက်ကိုကယ်တင်ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...