"တီချယ် ဒီနေ့ပြေးတာနှေးနေတယ်။ ရှောင်းယန်က အားကျောင်းရှေ့က ပြေးနေရာမှ အနောက်သို့လှည့်ကြည့်ရင်း မေးလိုက်သည်။
ဒီနေ့ နေ့လည်ကတည်းက အားကျောင်းခြေထောက်တွေပျော့ခွေကာ မူးေ၀နေသည်။ အားမရှိသလိုကြီးပင်။
ရှောင်းယန်စကားကိုသူမကြားတော့ ပြေးနေရာမှ ရပ်လိုက်သည်။
"မင်းခြေတံကြီးတွေက ရှည်တာကိုး"
ရှောင်းယန်ကို မကျေမနပ်ကြည့်ရင်းပြောလိုက်သည်။ခြောက်လအတွင်း ရှောင်းယန်၁၀centiလောက် ရှည်လာသည်။
အရင်က တစ်မီတာနှင့်၇စင်တီမီတာလောက်သာရှိသော ကလေးက ယခုဆို လူကြီးတစ်ယောက်သဏ္ဍာန်ပိုမိုပေါ်လွင်လာ၏။
ရှောင်းယန်က သူ့ဆရာမကိုပြုံးကြည့်လိုက်ရင်း
"တီချယ်တောင် ပျင်းလာပြီ"အားကျောင်းနှင့်နေလာသည့်အချိန်အတွင်းမှာပင် အားကျောင်း၏ ပုံစံကို ရှောင်းယန်တဖြည်းဖြည်းသိလာရသည်။
အစတုန်းကတော့ လေ့ကျင့်ခန်းလုပ်ဖို့အမြဲတက်ကြွနေသူမှာ အားကျောင်းပင်။သူ့ကိုတောင် နေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖိူ့အော်ဟစ်နေတတ်သည်။
တစ်လနှစ်လလောက်ကြာလို့ သူလေ့ကျင့်ခန်းနှင့်အသားကျလာတော့ အားကျောင်းက စ၍ပျင်းလာလေပြီ။
သူနှင့်အတူလမ်းလျောက်ထွက်သည့်အချိန်မှာတောင် သူမ အရမ်းမလျောက်ရဖို့ ဆင်ခြေမျိုးစုံပေးတတ်သည်။
တကယ်တော့ရှောင်းယန်ကိုယ်တိုင်လည်း အာူကျောင်းအပေါ်တွင် အမြင်ကြည်စပြုလာပြီ။ မနက်တိုင်းအစောကြီးထပြီး လမ်းလျောက်ပေးတာ ဘယ်သူ့အတွက်ဖြစ်နိုင်ဦးမလဲ။
အရင်က ၁၆နှစ်သားလေးဆိုပေမယ့် အခုလို နှစ်တွေအများကြီး သူ့ကိုဂရုတစိုက်စောင့်ရှောက်ပေးတဲ့သူနဲ့ နေလာတာကြာလာပြီပဲ။ သူ စိတ်မလှုပ်ရှားဘူးလို့ပြောရင် ဘယ်သူယုံမလဲ။
ရှောင်းယန်သူ့ကိုယ်သူ ကတိပေးထားမိသည်။ အားကျောင်းဒီပုံစံလေးအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် သူမ၏ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် သူ့ကိုလိမ်ညာနေသည်ဆိုရင်တောင် သူကျေနပ်စွာအလိမ်ခံမည်။
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...