အားကျောင်းပြောတာကြားလိုက်ရမှ systemပျော်သွားမိတော့သည်။"hostနိုးလာပြိပဲ။ ကျွန်တော့်မှာစိတ်ပူရတာသေမတတ်ပဲ"
အာတာပူစီလုံးက အလန့်တကြားပြောလာ၏။အားကျောင်းစိတ်ထဲ လှုပ်ရှားသွားသော်လည်း သူမခန္ဓာကိုယ်ကို ထိထားတယ်လို့ မခံစားရ။
"မစ်ရှင်တောင်မပြီးသေးဘူး hostရယ်။ ဘယ်လိုများ သေသွားနိုင်ရရတာလဲ?"
အားကျောင်း: "....."
ရုတ်တရက်ကြီးသူမခေါင်းတစ်ခုလုံပေါက်ကွွဲမတတ်နာကျင်လာ၏။
"ဘာတွေဖြစ်ကုန်တာလဲ ငါ့ကိုပြောစမ်းပါ"
အားကျောင်း သတိလစ်နေစဉ္အတွင်းဖြစ်သမျှကို စစ်စတမ်ပြောပြပါတော့သည်။
အားကျောင်းခမျာ မယုံ့တယုံ။
"နင်ပြောချင်တာက ငါက မိုးပေါ်ကပြုတ်ကျလာတဲ့ ဟပ်စကီးခွေးကြောင့် ငါက အေးချမ်းမေဖြစ်သွားတယ်ပေါ့"system: "ဒါပေါ့! နှစ်ဆယ့်ခြောက်ထပ်ကနေ ကျလာတဲ့ ခွေးက hostခေါင်းပေါ်ကိုမှတည့်တည့်ကျတာနော်။ အချဉ္တော့မဟုတ်"
အားကျောင်း: "....."
အချိန်အတော်ကြာနေပြီဟုတွေးလိုက်မိသည်မို့ သူမ မေးလိုက်မိသည်။
"အဲ့ ဟပ်စကီးခွေးပိုင်ရှင်က လျော်ကြေးပေးလား?"systemက ပြန်ဖြေ၏။
"ပိုက်ဆံတင်ဘယ်ကပါ့မလဲ? ဇာတ်လိုက်ကောင်က အဲ့မိသားစုကို တရားရုံးအထိခေါ်သွားပြီး လျှော်ကြေးကိုမတန်တဆတောင်းတာဗျာ။ ဟိုမိသားစုခမျာ မပေးနိုင်တော့ ဒင်းက သူတို့ကို ဘုရားကျောင်းထဲအထိရောက်အောင် မွဲအောင်လုပ်ပြီး hostအတွက် ဆုတောင်းခိုင်းလေရဲ့"အားကျောင်း: "ရှောင်းယန်...သူ...သူ အဆင်ပြေရဲ့လား?"
Systemပြန်မဖြေရသေးခင်လေးမှာတင် တံခါးပွင့်သွားလေသည်။
ခံစားချက်မဲ့သောမျက်နှာထားနှင့်ရှောင်းယန်က အာဟာရဆန်ပြုတ်တစ်ခွက်ကိုကိုင်ကာ ဝင်လာခြင်းဖြစ်သည်။
လွန်ခဲ့သည့် ငါးနှစ်လုံးလံူး အားကျောင်းကို သူကိုယ်တိုင်သာ ပြုစုခဲ့သည်။ ဘယ်သူ့ကိုမှ လွှဲမပေးခဲ့။
YOU ARE READING
ဇာတ္လိုက္ကိုကယ္တင္ပါ
Romanceနှစ်ပေါင်းများစွာ ကြာပြီးနောက် အားကျောင်းတစ်ယောက် သူမ၏သားစဉ်မြေးဆက်တို့ကို သူမဘဝအကြောင်းအားပြောပြနေလေသည်။ "အစကတော့ ငါက အဲ့ဒီလူရဲ့ဘဝကို လမ်းကြောင်းပြန်တည့်ပြီး အောင်မွင်အောင်လုပ်တဲ့နေရာမှာ ကူညီပေးခဲ့ရတာပေါ့။" "...