Part 1

1.2K 76 11
                                    

Unicode

"Krist Perawat ဗျ အခုထွက်နေတဲ့သတင်းတွေက အမှန်လားဆိုတာ ဖြေပေးပါ့လားဗျ"

အကြောက်အလန့်မရှိ မေးရဲတဲ့သတင်းထောက်ကို တခြားသတင်းထောက်တွေကထူးဆန်းသလိုကြည့်ကာ မင်းသားkrist ဖြေမယ့်စကားကိုလည်းရင်ခုန်စွာစောင့်မျှော်နေကြသည်။

"ခင်ဗျားက ဘယ်လိုထင်လဲဗျ"

"ကျွန်တော်ကတော့ အမှန်လို့ပဲထင်တယ်"

Kristကို အငြိုးထားနေပုံရတဲ့ သတင်းထောက်က ပွင့်လင်းစွာဖြေလာသည်။
'မင်း ဘယ်လိုပြန်ဖြေမလဲ' ဆိုတဲ့ စကားက အဲ့သတင်းထောက်မျက်နှာမှာ
ထင်ဟပ်နေပြီး သူ့ကိုယ့်သူ ငါတော်တယ်ဆိုတဲ့ဒီဇိုင်းနဲ့လည်း
မျက်နှာကိုမော့ချည်နေသည်။
Kristက မထိတထိလေးရယ်ကာ
အပြုံးခပ်ရေးရေးလေးပြုံးပြီး ပြန်ဖြေလိုက်သည်။

"အဲ့ဆို ခင်ဗျားမှားသွားပြီဗျ"

"ဘာကြောင့်လဲ။ kristက အခုရိုက်နေတဲ့ဇာတ်ကားထဲက မင်းသမီးနဲ့တွဲနေတယ်ဆိုတဲ့ သတင်းကို မဖြေရှင်းဘူးလေ။"

မကျေမနပ်ဖြစ်နေတဲ့ သတင်းထောက်က ထပ်ပြီး kristစကားကိုအတွန့်တက်တာ ထပ်မေးပြန်သည်။

"Oh!!! ကျွန်တော် မဖြေရှင်းတာနဲ့ တွဲတယ်ဖြစ်ရလားဗျာ"

"ဒါပေမဲ့....."

"Krist မငြင်းဘူးဆိုတာက Kristကိုချစ်တဲ့လူတွေက kristကို ယုံတယ်ဆိုတာသိတဲ့အတွက် ဖြေရှင်းစရာမလိုဘူးထင်လို့ မဖြေရှင်းတာပါ။ အဲ့ကိစ္စကိုလည်း ဘယ်သူကမှ ထွေထွေထူးထူးစဥ်းစား မနေဘူးဟုတ်တယ်မလား။"

Krist ကျန်တဲ့သတင်းထောက်တွေဘက်ကိုလှည့်ပြီး 'ဟုတ်တယ်မလား' မေးတော့ အားလုံးက ပြိုင်တူခေါင်းလေးတွေညိတ်ပြသည်။
ရင်မဆိုင်ရဲပါ Krist Perawatရဲ့ အာဏာက ဘယ်လောက်ကြီးလဲဆိုရင် ဒီပွဲကပြန်တာနှင့် ကိုယ့်ပစ္စည်းကိုယ်သိမ်းပြီး အလုပ်ကထွက်သွားရလိမ့်မည်။

" အော်နောက်တစ်ခုက ဒီကP Kristကိုမယုံဘူးဆိုရင် ဒီပွဲမှာKristနဲ့သတင်းထွက်တယ်ဆိုတဲ့ မင်းသမီးရှိပါတယ် Pကိုယ်တိုင်မေးကြည့်လိုက်ပေါ့။"

Kristက သူ့ကိုမေးတဲ့သတင်းထောက်ကို ​ပြောလိုက်တော့ အဲ့သတင်းထောက်က မျက်နှာကြီးနီလာကာ ဒေါသထွက်ပြီး kristအနားကထွက်သွားသည်။

BFWhere stories live. Discover now