နှစ်ပတ်ကျော်ကြာမှ သူ့ရှေ့ကို Pပြန်ပေါ်လာသည်။
နွမ်းဖက်နေသည့် မျက်နှာကိုတွေ့တော့ krist၏ဆူပူမည့် စကားတွေက လည်ချောင်းထဲကမထွက်တော့။
သူ့ရှေ့ကို ရောက်လာပြီး ပြုံးပြသည့်အပြုံးတွေက အားမရှိစွာ။Kristလည်း Pလက်ကိုဆွဲခေါ်ပြီး လူရှင်းသည့် နေရာသို့ ဆွဲခေါ်လာခဲ့သည်။
ယခုက ရိုက်ကွင်းကိုရောက်နေတာဆိုတော့ လူရှင်းသည့်နေရာကို တော်တော်ရှာလိုက်ရသည်။
နောက်ဆုံး မတွေ့တာနှင့် သူ၏ကားပေါ်မှာသာ စကားပြောဖို့ဆုံးဖြတ်လိုက်သည်။ကားပေါ်ရောက်တော့လည်း သူ့မျက်နှာကိုသာ ငေးကြည့်နေသည့် Pမျက်ဝန်းတွေက ပျော်ရွှင်မှုအရိပ်အယောင်တွေ မြင်နေရသည်။
Pကိုနားမလည်နိုင်တော့ပါ မျက်နှာက အားမရှိသည့်ပုံမျိုးဖြစ်နေပြီး မျက်လုံးထဲကြည့်တော့ ရွှင်ပျမှုကို ဘာကြောင့်တွေ့နေရသနည်း။"P ဘယ်တွေသွားနေတာလဲ၊ အခုရောဘာဖြစ်လာတာလဲ၊ နေမကောင်းဘူးလား၊ အားမရှိတဲ့ပုံကြီး ဖြစ်နေတယ်"
"Kit ကိုယ်Kitပေါင်ပေါ်အိပ်လို့ရလား"
"ဟင်!"
သူမေးသည့် မေးခွန်းတွေနှင့် တခြားစီ ထွက်လာသည့်စကားကြောင့် Krist ကြောင်သွားရပေမည့် တခဏသာ။
အားမရှိသည့် P ပုံစံကိုမြင်ပြီး စိုးထိတ်မိတာကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။သူလည်းခွင့်ပြုလိုက်ရော သူပေါင်ပေါ် ခေါင်းတင်လျက် လှဲအိပ်လာသည်။
Pဆံပင်လေးတွေကို အသာလေးဖွပေးနေလိုက်ပြီး ခဏလောက်ကြာတော့ Pကအိပ်ပျော်သွားသည်။
kristလည်း သူ့ပေါင်ပေါ် အိပ်ပျော်နေသည့် Pကြောင့် P'janeဆီ messageပို့လိုက်သည်။Messageပို့ပြီးတာနှင့် kristလည်း ဖုန်းပိတ်ပြီး Pကိုသာကြည့်နေလိုက်သည်။
ခဏလောက်ကြာတော့ ကားဆီကိုပြေးလာနေသည့် P'janeကိုတွေ့လိုက်သည်။
ကားတံခါးဖွင့်ပြီး သူ့ကိုအော်မလို့ လုပ်နေသည့် P'janeကို တိုးတိုးဆိုပြီး မြန်မြန်ပြောလိုက်ရသည်။နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် Pကိုနှိုးမသွားစေချင်။
P'janeက သူ့ပေါင်ပေါ်မှာ အိပ်နေသည့် Pကိုတွေ့တော့ မျက်လုံးပြူးသွားပြီ Okလို့တိုးတိုးပြောလျက် ထွက်သွားသည်။